အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၅)ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လယ်(၁၂၃၀)နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-20)အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ဦးစွာပထမ အမျိုးသားလွှတ်တော်၊ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး၊ ကော်မတီအဖွဲ့ဝင် ဦးမင်းဦးက လုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းကာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းကြပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို (၁၃၂၀)နာရီတွင် ရပ်နားခဲ့ပါသည်။