Share this

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် စင်ကာပူနိုင်ငံ၊ ISEAS-YUSOF ISHAK တက္ကသိုလ်တွင် ဧည့်သုတေသီအဖြစ်ဆောင်ရွက်နေသော ပြင်သစ်သုတေသီ DR. RENAUD EGRETEAU တို့တွေ့ဆုံ

Tuesday, March 14, 2017 - 14:18
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီသည် စင်ကာပူနိုင်ငံ၊ ISEAS-Yusof Ishak တက္ကသိုလ်တွင် ဧည့်သုတေသီအဖြစ်ဆောင်ရွက်နေသော ပြင်သစ်သုတေသီ Dr. Renaud Egreteau အား (၁၄-၃-၂၀၁၇) ရက်နေ့ (၁၁၃၀)နာရီတွင် နေပြည်တော်ရှိ ကော်မတီရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကော်မတီလုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း၊ လွှတ်တော်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူး ဦးမင်းဦးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။