အမျိုးသားလွှတ်တော်၊ သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟသည် အမေရိကန်နိုင်ငံ၊ U.S Department of State’s Energy Officer, Mr. Vikrum Sequeira ဦးဆောင်သောအဖွဲ့အား မတ်လ ၁၆ ရက်နေ့ (၁၅:၃၀) နာရီ အချိန်တွင် အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မတီ၏လုပ်ငန်းတာဝန်များ၊ မြန်မာ-အမေရိကန်နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာအစီအစဉ်များ၊ မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ စွမ်းအင်ဆိုင်ရာစီမံကိန်းများနှင့် စွမ်းအင်မြှင့်တင်ရေးတို့အတွက် ထောက်ပံ့ပေးနိုင်မည့် အခွင့်အလမ်းများ၊ လွှတ်တော်တွင် Capacity Building မြှင့်တင်ခြင်း စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် ကူညီဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး စခင်ဇော်လင်းနှင့် အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။