Share this

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌဦးမင်းဦးအား NATIONAL DEMOCTATIC INSTITUTE (NDI) မှ အကြံပေးပုဂ္ဂိုလ် မစ္စစ်အဲလိဇဘက်ဝီယာ က လာရောက်တွေ့ဆုံ

Tuesday, August 9, 2016 - 13:19
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမင်းဦးအား National Democtatic Institute (NDI) မှ အကြံပေးပုဂ္ဂိုလ် မစ္စစ်အဲလိဇဘက်ဝီယာ က (၉-၈-၂၀၁၆) ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီရေးရာဆောင်မှတ် (I-20) အောက်ထပ် (Call) ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမင်းဦးနှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။