အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ၎င်းဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများ တွေ့ဆုံသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၄-၁၂-၂၀၁၆) ရက်နေ့ မွန်းလွဲ ၂၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။