အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ၎င်းဝန်ကြီးဌာနနှင့် MoU လက်မှတ် ရေးထိုးထားသော INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၉.၅.၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီသည် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများက ဒေသအသီးသီးတွင် ၎င်းတို့၏ ကူညီထောက်ပံ့ပေးနေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ရန်ပုံငွေ ရရှိမှု အခြေအနေများနှင့် စပ်လျဉ်းပြီး အပြန်အလှန် ဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဒေါက်တာပြည့်ဖြိုးနှင့် အဖွဲ့ဝင်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။