အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊၎င်းဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၇.၁၂.၂၀၁၈) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I -18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများက ဒေသအသီးသီးတွင် ၎င်းတို့၏ ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ရန်ပုံငွေရရှိမှုအခြေအနေများနှင့်စပ်လျဉ်းပြီး တင်ပြဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ INGOs အဖွဲ့အစည်း များမှတာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး အစည်းအဝေးကို(၁၇၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။