Share this

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Wednesday, December 12, 2018 - 13:29
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂.၁၂.၂၀၁၈)ရက်နေ့ (၁၁၄၅)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီသည် သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနနှင့်  MOUလက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ ပါသည်။