အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ စီစဉ်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် သတင်းအချက်အလက်နည်းပညာနှင့် သတင်းအချက်အလက်များ လုံခြုံစွာစီမံခန့်ခွဲမှုနည်းစနစ်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများအား မျှဝေရှင်းလင်းတင်ပြခြင်း အခမ်းအနားကို (၂၂-၉-၂၀၁၆) ရက်နေ့ (၁၂၄၀) နာရီတွင် အမျိုးသားလွှတ်တော် ထမင်းစားဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး iSMS Myanmar Co.,Ltd မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များက အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို (၁၆၀၀) နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။