အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆.၉.၂၀၁၈)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ်(၂၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ပါသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆို အတည် ဖြစ်ခဲ့သည့် မြိတ်မြို့နယ်၊ ငါးလေလံဈေးအဆိုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။