အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ကော်မတီအဖွဲ့ဝင်များအား ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းကို (၁၀.၅.၂၀၁၉)ရက်နေ့ (၁၂၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-20)တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက နှုတ်ခွန်းဆက် မိတ်ဆက်စကားပြောကြားပြီး ကော်မတီ၏ လုပ်ငန်းတာဝန်ဝတ္တရားများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံဆွေးနွေးခြင်းကို ရုပ်သိမ်းလိုက်ပါသည်။