Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များအား NGO Child Rights Working Group(NCRWG) အဖွဲ့အပါအဝင် အမျိုးသမီးနှင့်ကလေးများအရေးကို တက်ကြွလှုပ်ရှားဆောင်ရွက်နေကြသော ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံ

Wednesday, March 14, 2018 - 16:01
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား NGO Child Rights Working Group(NCRWG) အဖွဲ့အပါအဝင် အမျိုးသမီးနှင့်ကလေးများအရေးကို တက်ကြွလှုပ်ရှားဆောင်ရွက်နေကြသော ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများသည် (၁၄.၃.၂၀၁၈)ရက်နေ့ (၁၂၂၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)ကော်မတီအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် NGO Child Rights Working Group(NCRWG) အဖွဲ့အပါအဝင် အမျိုးသမီးနှင့်ကလေးများအရေးကို တက်ကြွလှုပ်ရှားဆောင်ရွက်နေကြသော ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများသည် “သက်ငယ်မုဒိမ်းကိစ္စ” နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်သန်း၊ ဒေါက်တာတင်တင်ဝင်း၊ ဦးကျော်ကျော်ဝင်း၊ ဦးအေးမင်းဟန်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးဖေချစ်၊ ဒေါ်အိအိပြုံး၊ ဦးညီစိန်၊ ဗိုလ်မှူးကြီးအောင်လွင်၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။