Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား INTERNATIONAL LABOUR ORGANIZATION-YANGON မှ MR. SELIM BENAISSA, CHIEF TECHNICAL ADVISOR နှင့်အဖွဲ့က လာရောက်တွေ့ဆုံ

Tuesday, November 22, 2016 - 13:41
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား International Labour Organization-Yangon အဖွဲ့၏ အဖွဲ့ခေါင်းဆောင် Mr. Selim Benaissa, Chief Technical Advisor အပါအဝင် အဖွဲ့ဝင်(၂)ဦးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုကိုနိုင် တို့မှ (၂၂-၁၁-၂၀၁၆) ရက်နေ့ အင်္ဂါနေ့ (၁၁၃၀) နာရီမှ (၁၃၀၀) နာရီအထိ ရေးရာဆောင်အမှတ် (I-20) ၌ လာရောက်တွေ့ဆုံ၍ ကလေးအလုပ်သမားဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး အလုပ်လုပ်နေသည့် ကလေးအလုပ်သမားများအား သင့်တင့်ကောင်းမွန်သည့်အလုပ်ရရှိစေရေး၊ ကလေးအလုပ်သမားဆိုင်ရာ ဗဟုသုတအမြင်များရရှိစေရေး၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဥပဒေကို ပြန်လည်သုံးသပ်ရေး၊ ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များအား မိဘများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။