Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား UNICEF ၏ဌာနေကိုယ်စားလှယ် Ms.June Kunugi နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

Monday, January 29, 2018 - 15:40
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.June Kunugi နှင့် (၂၉.၁.၂၀၁၈)ရက်နေ့ နံနက်(၀၉၀၀)နာရီတွင် ရေးရာဆောင်အမှတ်(I-20)၌  လာရောက်ဂါရဝပြုတွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်မတီ၏ဆောင်ရွက်မှုလုပ်ငန်းများအား  ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။