အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား Committee for Protection and Promotion of Child Rights-CPPCR (Burma) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် နော်ဘလူးမင်းနိုက်ဇန်နှင့် အဖွဲ့ဝင်(၄)ဦးတို့မှ (၂၁.၁၁.၂၀၁၆) ရက်နေ့ (တနင်္လာနေ့) လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ရေးရာဆောင်အမှတ် (I-20) ၌ လာရောက်တွေ့ဆုံ၍ ကလေးသူငယ်များအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။