အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ)မှ တာဝန်ရှိပုဂ္ဂိုလ်များက (၁၂.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ (J)ဆောင် ထမင်းစားခန်းမ၌ လာရောက်ရှင်းလင်း ဆွေးနွေးသည်။
ယင်းတွေဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်နှင့် အဖွဲ့ဝင်(၆)ဦးတို့က စွမ်းအင်ကဏ္ဍဆိုင်ရာ လက်ရှိဆောင်ရွက်မှုအခြေအနေများဖြစ်သော ကုန်းတွင်းရေနံသဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မှုနှင့် ထုတ်လုပ်မှုအခြေအနေ၊ ကမ်းလွန်လုပ်ကွက်များ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ရေနံဓာတုဗေဒဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင် ထုတ်ပြန်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆၀)ဦးတို့ တက်ရောက်ကြပါသည်။