Share this

အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအား OFFICE OF THE UNITED NATIONS HIGH COMMISSIONER FOR HUMAN RIGHTS မှ SENIOR HUMAN RIGHTS OFFICER ဖြစ်သူ MS. HEIKE ALEFSEN ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

Tuesday, February 28, 2017 - 14:10
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအား Office of the United Nations High Commissioner for Human Rights မှ Senior Human Rights Officer ဖြစ်သူ Ms. Heike Alefsen ဦးဆောင်သောအဖွဲ့သည် (၂၈-၂-၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီမှ (၁၄၀၀) နာရီအထိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကော်မတီ၏လုပ်ငန်းတာဝန်များ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်၍ ရောက်ရှိလာသည့်တိုင်ကြားစာများအား ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်တွင်းလူမှုအထောက်အကူအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကူညီဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဒေါက်တာဌေးကြွယ်၊ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။