အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးသည် သြစတြီးယားနိုင်ငံ Bank Austria ၏ အကြီးအကဲဖြစ်သူ ဦးထွန်းအောင်အား မတ်လ ၂၄ ရက်နေ့ မွန်းလွဲ (၁:၀၀) အချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သြစတြီးယားနှင့် မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။