အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အမေရိကန်သံရုံးမှ Second Secretary, Ms.Sarah Grebowski တို့သည် (၂၉.၁၁.၂၀၁၈)ရက်နေ့၊ (၁၅၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ်(I-20)ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီဝင်များဖြစ်ကြသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်း(ခ)ဦးလှမြင့်၊ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)နှင့် ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၃)တို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ Second Secretary, Ms.Sarah Grebowski မှ လွှတ်တော်၌ ဆိုင်းငံ့ထားသာ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက နိဂုံးချုပ်စကား ပြောကြားကာ ဆွေးနွေးပွဲကို (၁၆၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။