အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို (၂၀-၁၁-၂၀၁၈)ရက်နေ့ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15 ) ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ကော်မတီဝင်များမှမေးမြန်း ဆွေးနွေးခဲ့ရာ ၎င်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ကာ ဌာနတာဝန်ခံပုဂ္ဂိုလ်များက မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပါသည်။
ဆွေးနွေးပွဲသို့ တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလည်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့်အတူ ကော်မတီဝင်(၂)ဦးတို့ တက်ရောက်ကြပြီး၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဘက်မှလည်း ဒုတိယ၀န်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ပါဝင်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦးတို့ တက်ရောက်ခဲ့ကာ အစည်းအဝေးကို( ၁၅၀၀ )နာရီတွင် ရုပ်သိမ်းပါသည်။