အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဦးစိုးသီဟ(ခ) မောင်တူးတို့အား ILO Consultant Ms.Rebecca Napier-Moore နှင့် National Project Coordinator Ms.Hkun Sa Mun Htoi တို့က (၉.၃.၂၀၁၈) ရက်နေ့ နံနက် (၀၈၀၀) နာရီတွင် နေပြည်တော်ရှိ၊ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ILO မှ အကျဉ်းချုပ်စာတမ်းပြုစုရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လုပ်သားပြောင်းရွှေ့သွားလာခြင်းဆိုင်ရာမူဝါဒများ ကိုက်ညီမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးပြောကြားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဦးစိုးသီဟ(ခ) မောင်တူးနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။