အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် (၁၈.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီမှ (၁၅၀၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-18)အစည်းအဝေးခန်းမ၌ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် “ဥပဒေပြုပြီးနောက်စိစစ်ခြင်းလုပ်ငန်း (Post Legislative Scrutiny –PLS ) ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေ” နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်သန်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးညီစိန်၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။