အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် ရောင်ခြည်သစ်အဖွဲ့မှ ဝန်ထမ်းများ၊ သင်တန်းသူ/သား (၆၃)ဦးတို့နှင့် (၁၂.၃.၂၀၁၉)ရက်နေ့ မွန်းလွဲ (၁၃၀၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် “ ရောင်ခြည်သစ်အဖွဲ့မှ ၎င်းတို့၏လုပ်ငန်းစဉ်များ ” နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်ကျော်ဝင်း၊ ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဒေါ်အိအိပြုံး၊ နော်ဆာမူထူး၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။