| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မောင်ရီ |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးသန့်ရှင်း |
| သမ္မတရုံးဝန်ကြီးဌာန(၁) | |
| အကြောင်းအရာ |
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် သဲသောင်ခုံ ထွန်း၍ ရေကြောင်းပိတ်ခြင်းကြောင့် မြို့ကမ်းပြို၊ ကမ်းစားမှုအခြေအနေကို ထိန်းသိမ်းရန် မည်သို့စီစဉ် ပေးမည်၊ ယခု မိုးရာသီမြစ်ရေကြီးချိန်အမီ မည်သို့ ကာကွယ်ထိန်းသိမ်းမည်၊ သောင်ထွန်းမှုကြောင့် ဘိလပ်မြေစက်မှ ဘိလပ်မြေအိတ်များကို အဆင့်ဆင့် သယ်ယူရသည့် အခြေအနေမှ ယခင်က ကဲ့သို့ Foreshore ဆိပ်ကမ်းမှ သင်္ဘောပေါ်အရောက် Conveyor နှင့် ပြန်လည်တင်ပို့နိုင်ရန် မည်သို့ပြုပြင်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၇) တွင် ဖတ်ရှုပါ။ |