ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
၁၁ ရက်မြောက်နေ့ အစီအစဉ်
[ ၁၃ - ၂ - ၂၀၁၉ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော်် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေး တိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ကို ခရိုင်မြို့အဆင့်နှင့်ညီသော စကုမြို့နှင့် ပွင့်ဖြူမြို့တို့ကို မြို့အဆင့်နှင့်ညီသော အရည်အသွေးမီသည့် မြို့တွင်းလမ်း၊ ပလက်ဖောင်း၊ ရေမြောင်း၊ လမ်းမီးတိုင်များနှင့် လမ်းမီးများ ပြည့်စုံစွာ တိုးချဲ့ပြုပြင်ခြင်းတို့ကို မည်သည့်ပုံစံဖြင့် လျင်မြန်စွာ ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ပျက်စီးသွားသည့် နေအိမ်(၅)လုံး ပြန်လည်တည်ဆောက်နိုင်ရေး ကူညီ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပြည်တွင်းစစ်ဘေးဒဏ်ခံခဲ့ရသော ဘီးလင်းမြစ် တစ်ဖက်ကမ်းရှိ အမဲရောင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော အရှေ့ဘက်ကမ်း ဇုန်အား ဘက်စုံတိုးတက် ဖွံ့ဖြိုးလာစေရန်နှင့် လူနေမှုအဆင့်အတန်း မြင့်မား လာစေရန် သီးခြားစီမံချက်ဖြင့် မြှင့်တင်ဆောင်ရွက်ပေးရန် မည်သို့ဆောင်ရွက် ထားရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ရှိ ပိုင်ကျုံတံတားအား ကွန်ကရစ်တံတား သို့မဟုတ် ဘေလီသံကြမ်းခင်းတံတားအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဒုတိယဗိုလ်မှူးကြီး သန့်ဆွေ၊ တပ်မတော်သားကိုယ်စားလှယ်၏ ရန်ကုန် - မန္တလေးလမ်း(လမ်းဟောင်း)တွင် နေ့စဉ်ဖြတ်သန်းသွားလာသော ယာဉ်ကြီး/ ယာဉ်ငယ်၊ ဆိုင်ကယ်များ သွားလာနေမှုတွင် ယာဉ်တိုက်ခိုက်မှုများ တိုးတက် ဖြစ်ပွားလာမှုအပေါ် ထိန်းသိမ်းကြပ်မတ်နေမှုကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်း မြို့မရပ်ကွက်-ပလက်ဝ-မတူပီလမ်း အစမှစတင်၍ ကင်းဝ ကျေးရွာ၊ ကုလားတန်မြစ်ကူး(ပလက်ဝ)တံတားအထိ လမ်းတာချဲ့ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၆)လ ဘတ်ဂျက်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဆ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ စွယ်ပေါက္ကံကျေးရွာမှ ညောင်ဇင်ကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ပြုပြင်ထိန်းသိမ်းပြီး အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။
၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၂ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။