ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
၁၅ ရက်မြောက်နေ့ အစီအစဉ်
[ ၂၀ - ၂ - ၂၀၁၉ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၅ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်တွင် ပြေးလမ်းတိုးချဲ့လျက်ရှိသော လေယာဉ်ကွင်းအား မည်သည့်ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၁၈ခုနှစ်၊ သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တောင်ကျရေများ ဖြတ်သန်းစီးဆင်းသွားသော ချောင်းများတစ်လျှောက် ရေတိုက်စားမှုဖြစ်ကာ ချောင်းကမ်းပါးပြိုကျမှုများအား မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မော်လမြိုင် - ရန်ကုန် မီးရထားသံလမ်း အဆင့်မြှင့်တင်မှုကို အမြန်ဆုံး ပြီးဆုံးအောင် ဆောင်ရွက်ပေးရန်နှင့် မီးရထားလမ်းတစ်လျှောက် ကြံ့ခိုင်မှုမရှိတော့သည့် တံတားများကို ပြန်လည်ပြုပြင်ပေးရန်၊ ခေတ်မမီတော့သည့် ရထားတွဲများ၊ မီးရထားစက်ခေါင်းများနေရာတွင် ခေတ်မီစက်ခေါင်းသစ်များ၊ တွဲများဖြင့် ပြောင်းလဲပြေးဆွဲပေးရန်နှင့် ရထားလက်မှတ်များကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ဆည်ရေခွန် ကြွေးကျန်များ ပြေကြေစွာ ကောက်ခံ ရရှိရေးကို မည်သို့ထိန်းကျောင်း ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဒေါ်မေသန်းနွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စုရှိ လယ်ဧက (၂၂၆၀၀)ကျော်ထဲသို့ ရေငန်မဝင်ရောက်နိုင်ရန်အတွက် ရေငန်တားတမံဆည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာ၊ ဘုရားဖြူစေတီအနီးရှိ ဘီလူးချောင်းကူးတံတားမှ မိုင်နာ(၁၉)အထိ အရှည်(၁၇၃၅၈)ပေရှိသော တာဘောင်လမ်းအား ကျေးရွာကုန်ထုတ်လမ်းအဖြစ် ကျောက်ချောလမ်း သို့မဟုတ် ကွန်ကရစ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဆ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တရုတ်နိုင်ငံ သွင်းကုန်/ထုတ်ကုန်ဘဏ်မှ ချေးယူသော ဒေါ်လာသန်း (၁၀၀)ကို သမဝါယမ ဦးစီးဌာနက စိုက်ပျိုးရေးချေးငွေ အစီအစဉ်ဟု အမည်တွင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မူလမတည်ငွေရင်း၊ ချေးငွေအမျိုးမျိုး၊ အတိုးအရင်း၊ ပြန်လည် ပေးဆပ်မှုအခြေအနေနှင့် စပ်လျဉ်းသည့် ဘဏ္ဍာရေးနှင့် ငွေကြေးနှစ်ချုပ် အစီရင်ခံစာ၊ လုပ်ငန်းအောင်မြင်မှု အတိုင်းအတာနှင့် မည်သူတွေက တာဝန်ယူ၊ တာဝန်ခံမှုအဆင့်ဆင့်ဖြင့် ဆောင်ရွက်သည် စသည့်အခြေအနေ အရပ်ရပ်အား သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ ထားသော တံတားကြီးများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြခြင်း။
၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တံတားကြီးများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၈။ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံ လိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစု မှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်း နှင့် လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။
၉။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
(သို့မဟုတ်)
အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၆ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။