Share this

၁၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၉.၂.၂၀၁၈)

Tuesday, March 6, 2018 - 11:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၁၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ရက်

( ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရက် )

[သောကြာနေ့]

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  ဖေဖေါ်ဝါရီလ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

              (က)   ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ်ဆေးရုံ ၏ ဝန်ထမ်းအိမ်ရာ၊ သန့်စင်ခန်းများ၊ ဆေးရုံဝင်းအတွင်း ရေဝပ် သောကြောင့် အနံ့ဆိုးများမှာ ဆေးရုံ အင်္ဂါရပ်နှင့် မညီသည့်အတွက် မြေဖို့ရန်လိုအပ်ခြင်း စသည်တို့ကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်သွားမည်ကို  သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ရွှေလောင်းတိုက်နယ် ဆေးရုံသန့်စင်ခန်းများ ဆောက်လုပ်ခြင်းနှင့် ဆေးရုံဝင်းအတွင်း ရေဝပ်နေမှုများအား မြေဖို့ပြုပြင်ခြင်း ဆောင်ရွက်ပေးနိုင်ရေးနှင့် ပတ်သက်၍ မြို့နယ်၏တင်ပြချက်အား စိစစ်ခဲ့ပြီးနောက် ()ခန်းတွဲ ရေလှောင်းအိမ်သာ ဆောက်လုပ်ခြင်းအတွက်   ကျပ်(.၈၃၆)သန်းအား (၂၀၁၇-၂၀၁၈)ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေမှလည်း ကောင်း၊ ရေဝပ် နေရာမြေဖို့ပြုပြင်ခြင်းအတွက် ကျပ်(.၀၇)သန်းအား (၂၀၁၇-၂၀၁၈) သာမန်အသုံးစရိတ်ရန်ပုံငွေမှလည်းကောင်း ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ လိုအပ်သော ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်စီမံကိန်း လျာထားချက်များဖြင့် စီစဉ်ဆောင်ရွက်ထား ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

     ( ) ဦးချစ်ထွေး၊  မကွေးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်() မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထန်းပင်ကုန်းကြီးကျေးရွာ တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ တည်ဆောက်ပေးရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှလည်း ထောက်ခံတင်ပြထားပါသဖြင့် ဖွဲ့စည်းပုံ ခွင့်ပြု မိန့်ရရှိရေးအတွက် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်တွင် အမျိုးသား ကျန်းမာရေးစီမံကိန်းနှင့်ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန) များသို့လည်းကောင်းပေးပို့ပြီး သဘောထားမှတ်ချက်များ တောင်းခံ၍ ပြန်ကြားချက်(ထောက်ခံချက်)ရရှိ လျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

     ( )  ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အရိုး၊ အကြော ခွဲစိတ်ရာတွင် အသုံးပြုသော ခွဲခန်းပစ္စည်းကိရိယာပြည့်စုံအောင် ဖြည့်ဆည်းပေးရန်နှင့် အရိုးကျိုးလူနာများတွင် ထည့်သွင်းအသုံးပြု သော စတီးလ်ချောင်းများကို ဈေးနှုန်းမျှတစွာဖြင့် တစ်ပြည်လုံးရှိ လူနာများ ရရှိခံစားနိုင်အောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေး က ပြည်သူ့ဆေးရုံများတွင် အရိုးကျိုးရောဂါခံစားရသူများအပြင် ရောဂါအမျိုးအစားအလိုက် လူနာ များတက်ရောက်မှုများပြားပြီး အများစုမှာ  ငွေကြေးအင်အားနည်းပါးသူ များဖြစ်သဖြင့် ပြည်သူ့ဆေးရုံများ အနေဖြင့် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူ၍ ဖြည့်ဆည်းရမှုများပြားသောကြောင့် စတီးလ် ချောင်းများအစားထိုး ကုသမှုကို လူနာအားလုံးအတွက် အခမဲ့ဆောင်ရွက်ပေးနိုင်သည့် အခြေအနေမရှိပါကြောင်း၊ ပုံစံမျိုးစုံကွဲပြားပြီး တစ်ဦးချင်းဆန္ဒများလည်း ကွဲပြားသည့်  အရိုးရောဂါလူနာများအတွက် ကုထုံးအမျိုးမျိုးရှိပါသဖြင့် (Fracture  type specific care)အကောင်းဆုံးရလဒ်များ ရရှိနိုင်ရန် နိုင်ငံတော်မှ တာဝန်ယူရုံသာမက လူနာများဘက်မှလည်း ပူးပေါင်းပါဝင် ကျခံခြင်းဖြင့် ရလဒ်ကောင်းများ ရှိနိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စံနှုန်းကုထုံး များနှင့်အညီ တစ်ပြေးညီ ကုသမှုပေးနိုင်ရေး စံနှုန်းကုထုံးများပြုစု၍ဖြန့်ဝေခြင်း၊ ဘာသာရပ်ဆိုင် ရာပညာရှင်များအား စာတွေ့လက်တွေ့ သင်ကြားမှုများပေးခြင်း၊ (Refresher training and Continuous Medical Education)များ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများတွင် ဆေးရုံကြီးကြပ် ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးဆိုင်များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသဖြင့် လူနာများအနေ ဖြင့် ကုသမှုအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ လွယ်ကူ၍ စျေးနှုန်းမျှတစွာ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။

 

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၃။           ဒေါ်နန်းနီနီအေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() (ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပါသည်။

၄။           အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး နှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ ခုနှစ်)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။          ဒေါ်ကျိန်ငိုက်မန် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်() (ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်ကပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပါသည်။

၆။          အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က အတည်ပြုရန် အဆို တင်သွင်းခြင်း၊ ဥပဒေကြမ်းတစ်ရပ်လုံးအား အတည်ပြုခြင်း

၇။           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ ခုနှစ်) အား အတည်ပြုရန် အဆိုတင်သွင်း၍ ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်()က ထောက်ခံပါသည်။

၈။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ ခုနှစ်)အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

 

၉။          အစည်းအဝေးကို ၁၁:၂၅ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၇ ရက်မြောက်နေ့ အစည်းအဝေးကို ၁၄--၂၀၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

 

 

                       အမျိုးသားလွှတ်တော်