Share this

၁၇ ရက်မြောက်နေ့ အစီအစဉ် (၁၄-၂-၂၀၁၈)

Wednesday, February 14, 2018 - 12:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

၁၇ ရက်မြောက်နေ့ အစီအစဉ်

[ ၁၄ - ၂ - ၂၀၁၈ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၁၇ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော တရားဝင် စာရွက်စာတမ်းများ ကိုင်ဆောင်ခြင်း မရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင်နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မလေးရှားအစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး အသိအမှတ်ပြု လက်မှတ် (Certificate of Identity) ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း၊ နယ်စပ်ဝင်ပေါက်ဂိတ် များမှတစ်  ဆင့် တင်သွင်းလာသော အေးခဲ အသားများ၊ ငါး၊ ပုစွန်များကို နိုင်ငံတော်မှ တရားဝင် ခွင့်ပြုချက်လိုင်စင် (ပါမစ်) ထုတ်ပေးထားခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)ထားဝယ် အထူးစီးပွားရေးဇုန် (Dawei SEZ)ဒေသအတွင်းရှိ ကျေးရွာများနှင့် လယ်ယာဥယျာဉ်ခြံမြေများကို အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည် အကောင်အထည်ဖော်ကာ ဒေသခံပြည်သူများအား ပြောင်းရွှေ့ နေရာချထား မပေးနိုင်သေးမီကာလအတွင်း ထိုဒေသကို အခြားဒေသကျေးရွာများ နည်းတူ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့် ပတ်သက်သော ကိစ္စရပ်များနှင့် အစည်းအဝေးများတွင် မဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း၊ အသိပေး ပါဝင်စေနိုင်ခြင်း ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

၇။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပြီး ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၈။      ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း-

                   (က)   ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

                   ( ခ )  ဒေါက်တာဝင်းမြင့်ချစ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

                   ( ဂ )  နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

                   (ဃ)   ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

                   ( င )  ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)

                   ( စ )  ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)

                   (ဆ)   ဦးသိမ်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၉။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၁၈ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။