| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မောင်လတ် |
| ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) | |
| ရခိုင်အမျိုးသားပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးအုန်းသန်း |
| လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
၁၉၈၉ ခုနှစ်မှ ယနေ့အထိ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များနှင့် အခြားအစိုးရဌာနများက လန – ၃၉ ရရန် လျှောက်ထား/ခွင့်ပြုခဲ့သော အမှုတွဲများစာရင်း၊ အစိုးရဌာနများမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများသို့ ပြန်လည်အပ်နှံလွှဲပြောင်းခဲ့သော အမှုတွဲများစာရင်းနှင့် ၎င်းအမှုတွဲများပါ မြေဧက၊ ရပ်ကွက်/ကျေးရွာများ စာရင်းကို သိရှိလိုခြင်းနှင့် လန-၃၉ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ သိမ်းယူလုပ်ကိုင်နေသော လယ်မြေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများသို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။ |