၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများ၌ ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေး ပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆.၅.၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20)၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များက စိစစ်ရမည့် ဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်နိုင်ရန် ဆွေးနွေးကြပါသည်။
ယင်းနောက် ဆွေးနွေးချက်များအပေါ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။