Share this

၂၂ ရက်မြောက်နေ့ အစီအစဉ် (၂၃.၂.၂၀၁၈)

Friday, February 23, 2018 - 09:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

၂၂ ရက်မြောက်နေ့ အစီအစဉ်

 [ ၂၃ - ၂ - ၂၀၁၈ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၂၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးယောနာ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ဆော့လော်မြို့နယ် အတွင်းရှိ ဂျော်မောအုပ်စု ယက်ယော်ကျေးရွာ၊ ပရှဲအုပ်စု ဝဆုတ်ကျေးရွာ၊ ယော်ဂျောအုပ်စု ယော်ဂျောကျေးရွာနှင့် ဂျာရန်အုပ်စု ဖောင်းဂျာကျေးရွာ တို့တွင် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

( ခ )  ဦးချစ်ထွေး၊ မကွေးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၃)၏ မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

( ဂ )  ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်အတွက် ဆေးကုရေယာဉ် “Swimming Doctor” အနည်းဆုံး(၁)စီးခန့် (သို့မဟုတ်) လုံလောက်စွာ ချထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဃ)   ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ လျှပ်စစ်မီးကို ဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသော ရေးမြို့နယ်အတွင်းရှိ ပြည်သူများကို မဟာဓာတ်အားလိုင်း မရောက်ရှိသေးမီစပ်ကြား ကုန်ကျစရိတ် အထိုက်အလျောက် သက်သာမှုရှိစေရန် နိုင်ငံတော်မှ မည်ကဲ့သို့ ယာယီ ထောက်ပံ့ကူညီမှုပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စီစဉ်ဆောင်ရွက်လျက် ရှိသော မဟာဓာတ်အားလိုင်း စီမံကိန်းသည် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ရေးမြို့နယ်သို့ ရောက်ရှိမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

( င )  ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စက်သား - အလယ်ချောင်း - ဇီးပင်ကြီး - နတ်ချောင်း ကျေးရွာချင်းဆက်လမ်းကို ကျောက်ခင်းလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၇။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ခြင်း။

၈။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၂၃ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။