ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၂၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်
( ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်၊ ပျူစာပေယဉ်ကျေးမှုအဖွဲ့များမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ချင်းလူမျိုးများအစား ပျူလူမျိုးများအဖြစ် ထည့်သွင်းကြသဖြင့် ပျူလူမျိုးများဟု မှတ်ပုံတင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ချင်းပြည်နယ်၊ မင်းတပ်ခရိုင်တွင် နေထိုင်ကြသော ချင်းလူမျိုးများအား ပျူလူမျိုး အဖြစ် ြေပာင်းလဲမှတ်ပုံတင်ပေးရန် လောလောဆယ် အစီအစဥ်မရှိကြောင်းနှင့် နိုင်ငံတော်မှ တရားဝင်သတ်မှတ်ထားသော တိုင်းရင်းသားမျိုးနွယ်စု အမည်များ ကိုသာ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားပါသည်။
( ခ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ဘိုးဘွား အမွေအနှစ် မြန်မာ့ရိုးရာ ခြင်းလုံးအားကစား တိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များကို အခြေခံပညာကျောင်းများတွင် မွေးထုတ်လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် မြန်မာ့ လက်ရွေးစင် ခြင်းလုံးအသင်းအား စခန်းဝင်လေ့ကျင့်ရန် ကိုယ်ပိုင်အားကစားရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာြမင့်ထွေး က မြန်မာ့ ရိုးရာခြင်းလုံးအားကစားသည် တိုင်းပြည်အတွက် အလွန်အကျိုးရှိသဖြင့် လေးလေးနက်နက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
( ဂ ) ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်းရှိ သူနာပြု/သားဖွားသင်တန်း ကျောင်းကို အဆင့်မြှင့်တင်ရန်နှင့် သင်တန်းသားအရေအတွက် တိုးမြှင့်ခေါ်ယူရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာြမင့်ထွေး က သူနာပြု/သားဖွား သင်တန်း ကျောင်းအား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်၍ မရကြောင်း၊ ပုသိမ်၊ ဟင်္သာတနှင့် မြောင်းမြမြို့များတွင် သူနာပြုသားဖွားသင်တန်းကျောင်း မြေနေရာရပြီးဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ သားဖွားသင်တန်းကျောင်း (၃)ကျောင်း ရှိလာမည်ဖြစ်ကြောင်း၊ ပုသိမ်မြို့တွင် သူနာပြု(၁၆၀)ဦး၊ ဟင်္သာတမြို့တွင် သူနာပြု(၈၀)ဦး၊ စုစုပေါင်း (၂၄၀)ဦး တိုးလာမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
ဥပဒေကြမ်းဆွေးနွေးခြင်း၊ ြမန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများနှင့် စပ်လျဉ်း၍ အဆုံးအဖြတ် ရယူခြင်းနှင့် အတည်ပြုခြင်း
၃။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ြမန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်မရှိသဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြုကြောင်း ကြေညာသည်။
၅။ အစည်းအဝေးကို ၁၁း၀၁ နာရီ အချိန်တွင် ရပ်နားပြီး ၂၇ ရက်မြောက်နေ့ အစည်း အဝေးကို ၁၃-၃-၂၀၁၈ ရက်နေ့(အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်