|
အစည်းအဝေးကျင်းပသည့်နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးလှမြင့်(ခ)ဦးလှမြင့်သန်း |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၊ ကွင်းအမှတ်(၇၆၃-ခ)၊ အိုမကွင်း၊ ဦးပိုင်အမှတ်(၈၅)၊ ဧရိယာ(၃.၈၀)ဧက ပုံစံ(၇)ရရှိထားသော လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်းသုံးသဖြင့် ၂၀၁၇ ခုနှစ်က အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီသို့တိုင်ကြားရာ ကော်မတီ၏အကြံပြုချက်များကို အမျိုးသားလွှတ်တော်ရုံးမှ သက်ဆိုင်ရာသို့ ပေးပို့ခဲ့သောကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲခဲ့ပြီး ဆိုင်ရာတရားရုံးက ထောင်ဒဏ်အပြစ်ပေးခဲ့သော်လည်း ကျူးလွန်ခဲ့သူအား လယ်ယာမြေထဲမှ ဖယ်ရှားခြင်းမပြုခဲ့သည့်အတွက် ဆက်လက်၍ ထပ်မံကျူးလွန်နေသည်ကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ ဆက်လက်အရေးယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၁၄)တွင် ဖတ်ရှုပါ။ |