|
အစည်းအဝေးကျင်းပသည့်နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးလှဦး |
| စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးကြည်မင်း |
| သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | |
| အကြောင်းအရာ |
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ “အမြင့်” မြို့ဟောင်းသည် ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းအမျိုးမျိုးတို့အား နေရာအတည်တကျ ဂုဏ်ယူပြသထားရှိနိုင်ရန် အမြင့်မြို့ဟောင်းယဉ်ကျေးမှုပြတိုက် အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အမြင့်မြို့ဟောင်း၏ အထိမ်းအမှတ် မင်းလက်ဝါး၏ ရုပ်ထုပုံတော်စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၈)တွင် ဖတ်ရှုပါ။ |