Share this

စတုတ္ထနေ့ အစီအစဉ် (၁၆ - ၁၁ - ၂၀၁၈)

Friday, November 16, 2018 - 08:19
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစီအစဉ်

[ ၁၆ - ၁၁ - ၂၀၁၈ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များက ဖြေကြားခြင်း -

(က)    ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဆီးကျအင်း၊ မြေနီ(တောင်)၊ ပါးမဲကျေးရွာများကို လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )   ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်တွင် လေစွမ်း အားသုံး ဓာတ်အားပေးစက်ရုံ (Windmill) တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )   ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းမှ (၁၀)မိုင်အတွင်းရှိ ကျေးရွာ များအား Transformer တပ်ဆင်ပေးပြီး ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)    ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၏ မြောက်ဘက်ပိုင်း ပီချောင်းဒေသကျေးရွာများဖြစ်သည့် ပီထု၊ ငါးဆောင်ဖက်၊ ပြိုင်းချောင်း၊ ရှင်ကြမ်း၊ ဝဲကြီးဒေါင့်၊ လင့်ဇင်ရွာသစ် ကျေးရွာများနှင့် ပီချောင်းဒေသကျေးရွာများကို မဟာဓာတ်အားလိုင်းမှ      11 KVA ဓာတ်အားလိုင်းနှင့်မီသည့် ကျေးရွာများကို 11 KVA နှင့် လည်းကောင်း၊ 11 KVA မမီသည့် ကျေးရွာများကို  33 KVA ဓာတ်အားခွဲရုံ ဆောက်လုပ်ပြီး လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )   ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ တောင်ကျ ချောင်းရေကြောင့် ပျက်စီးသွားသည့် မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေနှင့် မန်းကြိုးကျေးရွာကြားရှိ မန်းချောင်း ဘေလီတံတားအစား ဒီဇိုင်းနှင့်အရည်အသွေး ကောင်းမွန်ခိုင်ခံ့သော တံတားအသစ်တစ်စင်း အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ )   ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ် အတွင်းရှိ နတ်မတောင် အမျိုးသားဥယျာဉ်အား ခေါ်နူးစုမ် အမျိုးသားဥယျာဉ် အဖြစ် ပြောင်းလဲပေးရန်နှင့် ဥယျာဉ် ထိန်းသိမ်းရေးအတွက် လာရောက် လည်ပတ်သော ပြည်တွင်း/ပြည်ပ ခရီးသွားများထံမှ ဝင်ကြေးများ ကောက်ခံ အသုံးပြုခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း-

          (က)    ဦးသန်းစိုး(ခ) သန်းစိုး (ဘောဂဗေဒ)၊

                   ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

          ( ခ )   ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

          ( ဂ )   ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊

                   တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

          (ဃ)    ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

၇။      ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၄င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင် တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန်   ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။

၈။      အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

(သို့မဟုတ်)

          အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၉။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။