Share this

စတုတ္ထနေ့ အစီအစဉ် ( ၁၇.၅.၂၀၁၈ )

Thursday, May 17, 2018 - 09:26
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး

စတုတ္ထနေ့ အစီအစဉ်

[ ၁၇ - ၅ - ၂၀၁၈ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။       အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း။

၃။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၄။      အမျိုးသားလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၅။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၆။     ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က)   ဒေါ်နော်ဆာမူထူး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွမ်ကသောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ အုပ်စုရှိ ထီမန်ထိုနှင့် ဖားတလယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဝင်းရော်ချောင်း ကူးတံတား အကျယ်(၁၀)ပေ၊ အရှည်(၃၀၀)ပေ၊ အမြင့်(၅၀)ပေကို   ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာချင်းဆက် မြေသားလမ်းများကို ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်းများအဖြစ် နိုင်ငံတော်မှ ဘဏ္ဍာငွေ လျာထားသတ်မှတ်ကာ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာတစ်နိုင်ငံလုံးရှိ အများပြည်သူ အသုံးပြုမြဲဖြစ်သော လမ်းဌာန၊ စည်ပင်သာယာဌာန၊ ဆောက်လုပ်ရေးဌာနတို့နှင့် လွှဲအပ်သော တင်ဒါရ ကုမ္ပဏီအသီးသီးတို့ တာဝန်ယူပြုလုပ်ကြသော ကတ္တရာခင်းလမ်း အသီးသီးတို့သည် အသုံးပြု ကာလမကြာမီမှာပင် လမ်းနှုတ်ခမ်းသားများ ပဲ့ခြင်း၊ လမ်းမျက်နှာပြင် ပေါက်ခြင်း စသည့် ပျက်စီးခြင်းမျိုး မဖြစ်စေရန်အတွက် နိုင်ငံတကာ လမ်းခင်းသော နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ကြရန်နှင့် အရည်အသွေး ပြည့်မီစွာ လုပ်ဆောင်ကြရန် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားထားခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)   ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် (၃) မိုင် (၄)ဖာလုံရှိ ကျေးရွာချင်းဆက် မြေနီလမ်း၊ တောင်ဘုံကျေးရွာနှင့် သောင်ပြင် ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် (၂)မိုင် (၆)ဖာလုံရှိ ကျေးရွာ ချင်းဆက် မြေနီလမ်းတို့ကို ရာသီမရွေး သွားလာနိုင်သော ကတ္တရာ လမ်းများအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )  ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အဝကံ၊ ကြိမ်ခွေမော်၊ တပ်မော်၊ မနော်သီရိ ရွာချင်းဆက် လမ်းပေါ်တွင် ဖြတ်သန်းစီးဝင်နေသော ငပြီကြီးချောင်းအား သံကူကွန်က ရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၇။     အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၈။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ခြင်း။

၉။     အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်း။