| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မျိုးဝင်း |
| တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးကျော်မျိုး |
| ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများကို သိမ်းဆည်းပြီး တောင်ဒဂုံဆီအုန်းကုမ္ပဏီမှ စားအုန်းဆီပင်များ စိုက်ပျိုးထားသောမြေနေရာ များအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ၊ ဘုတ်ပြင်းလေဆိပ် ဆောက်လုပ်ရေးစီမံကိန်းအတွက် သိမ်းဆည်းခံရသော ဥယျာဉ်ခြံမြေများကို လျော်ကြေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် လေဆိပ်စီမံကိန်းမှ မသုံးဘဲ ကျန်ရှိနေသော ဥယျာဉ်ခြံမြေများအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၆)တွင် ဖတ်ရှုပါ။
|