| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးဟန်ဝင်းသိန်း |
| တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးအောင်ထူး |
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | |
| အကြောင်းအရာ |
ထားဝယ်အထူးစီးပွားရေးဇုန် (Dawei SEZ)ဒေသအတွင်းရှိ ကျေးရွာများနှင့် လယ်ယာဥယျာဉ်ခြံမြေများကို အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ကာ ဒေသခံပြည်သူများအား ပြောင်းရွှေ့နေရာချထားမပေးနိုင်သေးမီကာလအတွင်း ထိုဒေသကို အခြားဒေသကျေးရွာများနည်းတူ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့်ပတ်သက်သောကိစ္စရပ်များနှင့် အစည်းအဝေးများတွင် မဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း၊ အသိပေးပါဝင်စေနိုင်ခြင်း ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၆)တွင် ဖတ်ရှုပါ။ |