Share this

ပဉ္စမနေ့ အစီအစဉ် ( ၂၁.၅.၂၀၁၈ )

Monday, May 21, 2018 - 09:22
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစီအစဉ်

 [ ၂၁ - ၅ - ၂၀၁၈ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ပဉ္စမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ယနေ့ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်အချို့သည် မီဒီယာပေါင်းစုံကို အသုံးပြုပြီး အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ စိုက်ပျိုးရေး လုပ်ငန်းသုံးကုန် စသည့် ကုန်ပစ္စည်းမျိုးစုံတို့ကို ပကတိအခြေအနေမှန်နှင့် များစွာကွာဟပြီး ယုတ္တိမတန်စွာ လွန်လွန်ကဲကဲ အမွှမ်းတင်၍ ကြော်ငြာ နေကြခြင်းများကို ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ  နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )   ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၏ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် မြစ်ကမ်းပါး ပြိုကျမှုများ လျော့ပါးသွားရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ခေတ်မီကျွမ်းကျင်သည့် နည်းပညာများနှင့်အတူ ရေရှည် စီမံကိန်းများ ချမှတ်လျက် လုပ်ကိုင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန် မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးရုံးသည် လွန်ခဲ့သော နှစ်(၄၀)ကတည်းက ပြည်ထောင်စုအစိုးရ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် ဆောက်လုပ်ခဲ့ပြီး နှစ်ကာလကြာမြင့်သည်နှင့်အမျှ တစ်စတစ်စ ယိုယွင်းပျက်စီးလာပြီး     ၂၀၁၇ ခုနှစ်အတွင်း ငလျင်ဒဏ် နှစ်ကြိမ်ခံရကာ နောက်တစ်ကြိမ် ထပ်လှုပ်လျှင် မခံနိုင်တော့ဘဲ ပြိုကျပျက်စီးမည့်အပြင် ဝန်ထမ်းများ၏ အသက်ဘေးအန္တရာယ် ထိခိုက်သေဆုံးနိုင်မည်ကို စိုးရိမ်ရပါသောကြောင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦအသစ် ဆောက်လုပ်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 (ဃ)  ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်း ဒေသကြီး၊ ကျောက်ထုမြို့ရှိ ကျောက်ထုလေယာဉ်ကွင်းကို ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လေယာဉ်များ ဆင်းသက် အသုံးပြုရန်  အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )  ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘီလူးချောင်းကို ပြည်ထောင်စုအစိုးရမှ တာဝန်ယူ ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကျိုင်းတုံ - မိုးနဲ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့် စပ်လျဉ်းပြီး ရှေ့ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် သိမ်းဆည်းမြေများကို အခြားအကျိုးရှိမည့် လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

 ၆။    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က သိပ္ပံ၊ နည်းပညာနှင်‌့ ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို   ပြန်လည်ဖတ်ကြားရှင်းလင်းခြင်း။

 ၇။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

 ၈။  ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခြင်း။

 ၉။   သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင်‌့ အတည်ပြုပြီး ပေးပို့လာသော မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၁။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။