ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး
ပထမနေ့ အစီအစဉ်
[ ၁၂ - ၁၁ - ၂၀၁၈ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ ကတိသစ္စာ မပြုရသေးသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း။
၃။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၄။ အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၅။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။
၇။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်က ဖြေကြားခြင်း -
(က) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကျီးကန်းပြင် - ကြိမ်ချောင်း - အောင်သပြေ - ဗန္ဓုလ လမ်းကြား၌ ဝက်ကျိန်းတံတား၊ တမန်းသားတံတား၊ လက်ျာချောင်း တံတား၊ လောင်းဘုတ်တံတား၊ ဟာလာတပ်ဖာတံတား၊ အာဇဘော်တံတား၊ မာဇီးတံတား၊ ပဒကားဒေဝါနလီတံတား၊ ကြောင်းနဘေတံတား၊ တံတားအမှတ် (1/1) တံတားများအား ဦးစားပေးကဏ္ဍအလိုက် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင် မြို့နယ်များအပါအဝင် ရန်ကုန် - စစ်တွေ အဝေးပြေး လမ်းမကြီးကို ဆက်သွယ်ပေးမည့် ရမ်းဗြဲမြို့နယ်အတွင်းရှိ ရမ်းဗြဲ-လေးတောင်- သပြေဆိပ် လမ်းပိုင်းအား ပြည်ထောင်စုအစိုးရအနေဖြင့် လမ်းအဆင့်(A)အဖြစ် သတ်မှတ်ပြီး ကုန်တင်ကားများ၊ လူစီးကားများ ရာသီမရွေး သွားလာနိုင်သော အဆင့်မီ ကုန်ထုတ်လမ်းဖြစ်သည့် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊
( ဂ ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ကူးတံတားကို အသစ်ပြန်လည် တိုးချဲ့ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ ခမောင်းတက် - ကန့်သရီ ကျေးရွာချင်းဆက် ချောင်းကူး တံတားအား ကွမ်းသီးပင်တံတားအဆင့်မှ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေး တိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာရှိ ထန်းသားဖြင့် ပြုလုပ်ထားသော ချောင်းကူးတံတားနေရာတွင် အရည်အသွေးပြည့်မီသည့် ကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း။
၁၀။ ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က တင်သွင်းသည့် တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-
- ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)
၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။