|
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
၁၃ ခုနှစ်၊ လ ရက်
၂၀ ခုနှစ်၊ လ ရက်
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၂၀ ကို အောက်ပါအတိုင်း အစားထိုး ရမည် -
“၂၀။ ပုဒ်မ ၁၂ နှင့် ၁၃ တို့အရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်း ရာတွင် ပုဒ်မ ၁၈ ပါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင် ခွင့် တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် သက်တမ်းကာလ သတ်မှတ်၍ ဖွဲ့စည်းတာဝန် ပေးရမည်။ ထိုသို့ သတ်မှတ်သည့် သက်တမ်းကာလသည် ၉ လထက်မပိုစေရ။ ”
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် -
(က) အခန်း(၄)ခေါင်းစဉ်ပါ “ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ” ဆိုသည့် စကားရပ်ကို “ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ” ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။
( ခ) အခန်း(၆)ခေါင်းစဉ်ပါ “ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
|
၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၂၁ ကို အောက်ပါအတိုင်း အစားထိုး ရမည် -
“ (က) ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ကုန်ကျစရိတ်များ၊ ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို မိမိ၏ ဘဏ္ဍာငွေမှ ကျခံသုံးစွဲရန် နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဥပဒေတွင် ထည့်သွင်း ရေးဆွဲရမည်။
( ခ) ကော်မရှင်သည် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင် အဖွဲ့ခွဲဝင်များနှင့်စပ်လျဉ်း၍ ပုဒ်မ ၂၀ ပါ သက်တမ်းနှင့်အညီ ထိုက်သင့်သည့် လစဉ် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ရရှိခံစားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။”
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်