| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးလှဦး |
|
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) |
|
|
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဒုတိယဝန်ကြီး ဦးကျော်လင်း |
| ဆောက်လုပ်ရေး ဝန်ကြီးဌာန | |
| အကြောင်းအရာ |
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကားလမ်းဖြင့်သွားလျှင် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့အား ဆက်တိုက် ဖြတ်သန်းသွားလာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၏ ကတ္တရာလမ်းကြောတို့ သည် အညံ့ဆုံးဖြစ်နေပြီး လမ်းကျဉ်းမြောင်းခြင်း၊ လမ်းပဲ့လမ်းပေါက်များပြီး ကတ္တရာမပါ လမ်းကြမ်းသာသာ ဖြစ်နေပါသဖြင့် အဆိုပါ စစ်ကိုင်းတိုင်း ဒေသကြီးအပိုင်နယ်မြေရှိလမ်းအား အဆင့်မီ လမ်းမကြီးအဖြစ် မည်သည့် ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၆)တွင် ဖတ်ရှုပါ။ |