Share this

များပြားသော ဝင်ငွေရရှိနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ၄င်းတို့၏ ဝင်ငွေအများစုကို ပုံမှန်ဘတ်ဂျက်လုပ်ငန်းစဉ်နှင့် သက်ဆိုင်ခြင်း မရှိသည့် ကိုယ်ပိုင်သီးသန့်ရန်ပုံငွေစာရင်း (SOE OTHER ACCOUNT) အဖြစ် သီးခြားစုဆောင်းထားရှိသော ငွေစာရင်းများကို မည်ကဲ့သို့ စီမံ အသုံးပြုနေသည်၊ ထိုပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် ပုံမှန်အစီရင်ခံချပြ ရှင်းလင်းပေးမည့် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်အချိန်ဇယားဖြင့် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည်‌့မေးခွန်း

Wednesday, July 27, 2016 - 15:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ
အစည်းအဝေးကျင်းပသည့်နေ့ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
မေးခွန်းမေးမြန်းသူ ဦးထွန်းထွန်းဦး
  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)
  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ပြန်လည်‌ဖြေကြားသူ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
အကြောင်းအရာ

များပြားသော ဝင်ငွေရရှိနေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ၄င်းတို့၏ ဝင်ငွေအများစုကို ပုံမှန်ဘတ်ဂျက်လုပ်ငန်းစဉ်နှင့် သက်ဆိုင်ခြင်း မရှိသည့် ကိုယ်ပိုင်သီးသန့်ရန်ပုံငွေစာရင်း (SOE other account) အဖြစ် သီးခြားစုဆောင်းထားရှိသော ငွေစာရင်းများကို မည်ကဲ့သို့ စီမံ အသုံးပြုနေသည်၊ ထိုပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် ပုံမှန်အစီရင်ခံချပြ ရှင်းလင်းပေးမည့် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်အချိန်ဇယားဖြင့် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည်‌့ မေးခွန်း။

ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၈)တွင် ဖတ်ရှုပါ။