| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးလှဦး |
| စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးကျော်လင်း |
| ဆောက်လုပ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
မြန်မာတစ်နိုင်ငံလုံးရှိ အများပြည်သူ အသုံးပြုမြဲဖြစ်သော လမ်းဌာန၊ စည်ပင်သာယာဌာန၊ ဆောက်လုပ်ရေးဌာနတို့နှင့် လွှဲအပ်သော တင်ဒါရ ကုမ္ပဏီအသီးသီးတို့ တာဝန်ယူပြုလုပ်ကြသော ကတ္တရာခင်းလမ်းအသီးသီး တို့သည် အသုံးပြုကာလမကြာမီမှာပင် လမ်းနှုတ်ခမ်းသားများပဲ့ခြင်း၊ လမ်းမျက်နှာပြင်ပေါက်ခြင်း စသည့်ပျက်စီးခြင်းမျိုး မဖြစ်စေရန်အတွက် နိုင်ငံတကာ လမ်းခင်းသော နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ကြရန် နှင့် အရည်အသွေးပြည့်မီစွာလုပ်ဆောင်ကြရန် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားထားခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၇)တွင် ဖတ်ရှုပါ။ |