| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဒေါ်နွယ်နွယ်အောင် |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးကျော်မျိုး |
| ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
မြန်မာနိုင်ငံအတွင်း လက်ကိုင်ဖုန်း၊ ဖေ့စ်ဘွတ်(FB)မှတစ်ဆင့် ကြော်ငြာ စည်းရုံးပြီး ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများအကြား ထိုးဖောက် ဝင်ရောက်လာသည့် လောင်းကစားနည်းတစ်မျိုးဖြစ်သော ရှမ်းကိုးမီး ဖဲကစားနည်း(ခ)Shan Koe Mee Zingplay သည် ပြည်သူများထံမှ လောင်းကြေးငွေများကို နည်းအမျိုးမျိုးဖြင့် ရယူနေပါသဖြင့် အဆိုပါ လောင်းကစားနည်းကို တားမြစ်ပိတ်ပင်ရန်နှင့် လောင်းကစားဒိုင်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၃)တွင် ဖတ်ရှုပါ။ |