| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးတင်အောင်ထွန်း |
| မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | တရားသူကြီး ဦးမြင့်အောင် |
| ပြည်ထောင်စုတရားလွှတ်တော်ချုပ် | |
| အကြောင်းအရာ |
မြို့နယ်တရားရုံးတွင် ပေးဆောင်ခဲ့ရသည့် ဒဏ်ငွေကို တိုင်းဒေသကြီး တရားလွှတ်တော်က ပြန်လည်ထုတ်ပေးစေသည့် အမိန့်ပါရှိရာတွင် သက်ဆိုင်သည့် အမှုသည်ထံသို့ အမှန်ကန်ဆုံးနှင့် အမြန်ဆုံးပြန်လည် ထုတ်ပေးနိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်နှင့် အခြားသော သက်သေခံပစ္စည်း၊ငွေကြေးတို့ကို ပြန်လည်ထုတ်ပေးရာ၌လည်း မှန်ကန်/ မြန်ဆန်စေရန် ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၇)တွင် ဖတ်ရှုပါ။
|