Share this

မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ

Tuesday, June 19, 2018 - 08:52
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့်

ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်    )

၁၃၈၀ ပြည့်နှစ်၊                                  ရက်

(၂၀၁၈ ခုနှစ်၊                   ရက်)   

                      အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း ()

အမည်၊ စတင်အာဏာတည်ခြင်း၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၁။      (က)    ဤဥပဒေကို မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည် ထူထောင် ခြင်းဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။

()     ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက် တွင် စတင်အာဏာတည်စေရမည်။

၂။      ဤဥပဒေပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က ဖြစ်စေ၊ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူခွင့်ပြုချက်အရဖြစ်စေ မြေတစ်ရပ်ကို အများပြည်သူအကျိုးအလို့ငှာ ထာဝရ သို့မဟုတ် ယာယီ လိုအပ်မှုအပါအဝင် မြေကို ကိုယ်တိုင်အသုံးပြုမှု၊ လက်ဝယ်ထိန်းသိမ်း ထားမှုနှင့် ကြီးကြပ်ကွပ်ကဲမှုများအတွက်  မြေသိမ်းဆည်းခြင်း၊ လျော်ကြေး၊ နစ်နာကြေးငွေ ပေးအပ်ခြင်း၊ လူမှု စီးပွားရေးဘဝ ပြန်လည် နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်  စေရမည်။ ထို့ပြင် အောက်ဖေါ်ပြပါ အချက်များနှင့်လည်း အကျုံးဝင် သက်ဆိုင်စေရမည် -

(က)    နိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် မြေလိုအပ်မှုများ၊

()     အမျိုးသားစီးပွားရေးမူဝါဒအရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းများ၊

()     လူမှုစီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများ၊

()    မြို့ပြနှင့် ကျေးရွာတိုးချဲ့တည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊

()     ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ကိစ္စရပ်များ၊

()     လယ်ယာမြေ သိမ်းဆည်းခြင်းအတွက် လယ်ယာမြေဥပဒေ (အမှတ် ၁၁/၂၀၁၂) အရ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြန်လည်ရယူခြင်းအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ (အမှတ် ၁၀/၂၀၁၂) အရ လည်းကောင်း လျော်ကြေးနှင့် နစ်နာကြေးများ ပေးဆောင်ခြင်းတို့မှအပ အခြား တည်ဆဲဥပဒေ တစ်ရပ်ရပ် အရ မြေသိမ်းဆည်းသည့် ကိစ္စရပ်များ။

၃။      ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က)    မြေ ဆိုရာတွင် မြေနှင့်  မြေမှထွက်ပေါ်သော အကျိုးအမြတ်များ၊ မြေတွင်စွဲကပ်နေ သော အရာဝတ္ထုများ သို့မဟုတ် မြေတွင်စွဲကပ်နေသော အရာတစ်ခုခု၌ ထာဝရတွယ်ကပ် ထားသည့် အရာဝတ္ထုများ ပါဝင်သည်။

()     အိမ်ထောင်သားစု ဆိုသည်မှာ သွေးသားတော်စပ်၍ဖြစ်စေ၊ အိမ်ထောင်မှုဖြင့် တော်စပ် ၍ ဖြစ်စေ အတူတကွနေထိုင်လျက် ၎င်း အိမ်ထောင်သားစုတွင် အကြီးအကဲ ဖြစ်သူ၏ မိသားစုကို ဆိုသည်။

()     မြေပိုင်ဆိုင်သူ ဆိုရာတွင် မြေသိမ်းဆည်းခြင်း ပြုသည့်အတွက် ထိခိုက်နစ်နာမှု ရှိ သဖြင့် လျော်ကြေး၊ နစ်နာကြေးနှင့် ဤဥပဒေအရ ပေးအပ်သော အခြားအခွင့် အရေး များကို တောင်းဆိုခွင့်ရှိပြီး မြေကို ခိုင်လုံသော အထောက်အထားဖြင့် ပိုင်ဆိုင်သူနှင့် ၎င်း၏ အိမ်ထောင်သားစု တို့ကို ဆိုသည်။ ယင်းစကားရပ်တွင် ထိခိုက်နစ်နာမှုရှိသော အောက်ပါပုဂ္ဂိုလ်များ လည်း ပါဝင်သည် - 

()     တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ သတ်မှတ်သည့် မြေယာမှတ်တမ်းများတွင် မြေ သို့မဟုတ် အဆောက်အအုံ သို့မဟုတ် ယင်းတို့၏ အစိတ်အပိုင်း၏ ပိုင်ရှင် ဖြစ်ကြောင်း၊ လက်ဝယ်ထားပိုင်ခွင့် ရှိသူဖြစ်ကြောင်း သို့မဟုတ် အသုံးပြုခွင့် ရသူဖြစ်ကြောင်း တရားဝင် မှတ်တမ်းတင် ထားသူ၊

()     တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မြေနှင့်စပ်လျဉ်း၍ မြေပိုင်ဂရန် သို့မဟုတ်အငှား  ဂရန် ချထားခြင်းခံရသူ၊

()     တရားရုံး၏ အမိန့်ဖြင့်ဖြစ်စေ၊  လုပ်ပိုင်ခွင့်အပ်နှင်းခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ အမိန့်ဖြင့်ဖြစ်စေ မြေပိုင်ဆိုင်သူ ဖြစ်ကြောင်း ကြေညာခြင်း ခံရသူ သို့မဟုတ်  စာရင်းသွင်းခံရသူ၊

()     တရားဝင် မှတ်တမ်း အထောက်အထား မရှိသော်လည်း တိုင်းရင်းသား လူမျိုး စုများ၏ ထုံးတမ်းစဉ်လာများနှင့် အညီ ပိုင်ဆိုင်သည်ဟု ဒေသခံ အစုအဖွဲ့က လက်ခံထားသည့်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က အသိအမှတ်ပြုခြင်းခံရသူ၊

         ()     မြေကို တရားဝင်ပိုင်ဆိုင်မှု အထောက်အထား မရှိသော်လည်း သိမ်းဆည်းသည့် မြေပေါ်တွင် သိမ်းဆည်းခြင်းမပြုမီ ပိုင်ဆိုင်သူအဖြစ် အနည်းဆုံး ၁၂ နှစ် တစ်ဆက် တစ်စပ်တည်း အမှန်တကယ် နေထိုင်၍ ရင်းနှီးမြှုပ်နှံပြီး  အသက် မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်လျက်ရှိသူ။

          ()   မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း ဆိုသည်မှာ မြေကို အများ ပြည်သူအကျိုးအလို့ငှာ အသုံးပြုရေးအတွက် ဤဥပဒေအရ သိမ်းဆည်းရန် အဆိုပြု သည့် အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းကို ဆိုသည်။

()     မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ ဆိုသည်မှာ မြေတစ်ရပ်ရပ်ကို သိမ်းဆည်းရန် ရည်ရွယ်ကြောင်းကိုလည်းကောင်း၊ အများပြည်သူ သို့ ကန့်ကွက်နိုင်ရန်နှင့် ရပိုင်ခွင့်များ တောင်းဆိုနိုင်ရန်လည်းကောင်း၊ မြေသိမ်းဆည်းရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သိရှိနိုင်ရန်လည်းကောင်း ပွင့်လင်း မြင်သာစွာ အသိပေးသည့် အမိန့်ကြော်ငြာစာကို ဆိုသည်။

()     မြေကို လက်ရောက်သိမ်းဆည်းခြင်း ဆိုသည်မှာ သာမန်အားဖြင့် မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းသို့ အဆိုပြုသည့် မြေအား ကြွေးမြီ ကင်းရှင်းသည့် နိုင်ငံပိုင်မြေအဖြစ်ဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြေသိမ်းဆည်းမှု အကောင် အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့က ဤဥပဒေနှင့်အညီ လက်ရောက်ရယူခြင်းကို ဆိုသည်။

()    အများပြည်သူအကျိုးအလို့ငှာ ဆိုသည်မှာ ပုဒ်မ ၂ ပါ ဤဥပဒေနှင့် သက်ဆိုင် အကျုံးဝင်သည့် ကိစ္စများတွင် အများပြည်သူ အကျိုးစီးပွားအတွက် ရည်ရွယ်၍ မြေသိမ်းဆည်းသည့် ကိစ္စဆောင်ရွက်ခြင်းကို ဆိုသည်။

()     တရားရုံး ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်နှင့် ခရိုင်အဆင့် စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးကိုဆိုသည်။

()     ထိခိုက်နစ်နာမှု ဆိုရာတွင် မြေကို သိမ်းဆည်းသည့်အတွက် အောက်ပါ အကျိုးစီးပွား တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ထိခိုက်နစ်နာမှုနှင့်  ဆုံးရှုံးမှုတို့ ပါဝင်သည်-

          ()     သိမ်းဆည်းခြင်းခံရသည့် မြေ သို့မဟုတ် မြေပေါ်ရှိ လူနေအိမ်ရာနှင့် အခြား မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လက်လွတ်ဆုံးရှုံးခြင်း၊

          ()     အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသော မြေ သို့မဟုတ် စီးပွားရေးလုပ်ငန်း ဆုံးရှုံးရခြင်း၊

          ()     တရားဝင်ပိုင်ဆိုင်မှု အထောက်အထားရှိသော သိမ်းဆည်းသည့်မြေကို အကြောင်း ပြု၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် စားဝတ်နေရေး ထိခိုက်နစ်နာရခြင်း။

()    သိမ်းဆည်းမြေတွင် ဆက်နွယ်ပတ်သက်သူ ဆိုရာတွင် မြေကို သိမ်းဆည်းသည့် အတွက် ထိုမြေနှင့် ဆက်နွယ်၍ ထိခိုက်နစ်နာမှု ရှိသော  အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည် -

          ()     သီးစား လုပ်ကိုင်သူ၊

          ()     ငှားရမ်း၍ လုပ်ကိုင်သူ၊

          ()     ဖက်စပ်လုပ်ကိုင်သူနှင့် အကျိုးတူ လုပ်ကိုင်သူ၊

()     မြေကို တရားဝင်ပိုင်ဆိုင်မှု မရှိသော်လည်း ရွှေ့ပြောင်းတောင်ယာမှအပ သိမ်း ဆည်းသည့် မြေပေါ်တွင် သိမ်းဆည်းခြင်းမပြုမီ အနည်းဆုံး ၁၂ နှစ် တစ်ဆက်တစ်စပ်တည်း အမှန်တကယ် လယ်ယာလုပ်သားအဖြစ်ဖြင့်ဖြစ်စေ၊ လက်ခစားအဖြစ်ဖြင့် ဖြစ်စေ  လုပ်ကိုင်လျက်ရှိသူ။

 ()    ထိခိုက်နစ်နာသူ ဆိုသည်မှာ မြေကိုသိမ်းဆည်းသည့်အတွက် ထိခိုက်နစ်နာမှုရှိသော မြေပိုင်ဆိုင်သူ နှင့် သိမ်းဆည်းမြေတွင် ဆက်နွယ်ပတ်သက်သူတို့ကို ဆိုသည်။

()     အဆောတလျင် မြေသိမ်းဆည်းခြင်း ဆိုသည်မှာ အရေးပေါ် ဖြစ်ပေါ်လာသည့် ကိစ္စ တစ်ရပ်ရပ်အပေါ် အခြေခံ၍ အများပြည်သူအကျိုးအလို့ငှာ မလွှဲမရှောင်သာသော အခြေအနေ တစ်ရပ်ရပ်တွင် အလျင်အမြန် မြေသိမ်းဆည်းခြင်းကို ဆိုသည်။

()     ယာယီမြေသိမ်းဆည်းခြင်း ဆိုသည်မှာ မြေကို ရေရှည်အသုံးချရန် မရည်ရွယ်ဘဲ သတ်မှတ်ကာလတစ်ခုအတွင်း အများပြည်သူအကျိုးအလို့ငှာ ယာယီအသုံးပြုရန် အတွက်သာ သိမ်းဆည်းခြင်းကိုဆိုသည်။

()     မြေသိမ်းဆည်းမှု ကုန်ကျစရိတ် ( Cost  of  acquisition ) ဆိုသည်မှာ မြေ တစ်ရပ်ရပ်ကို သိမ်းဆည်းခြင်းအတွက် ဆောင်ရွက်ရာတွင် အောက်ပါ ကုန်ကျငွေ  များ ပါဝင်သည် -

()     လျော်ကြေးနှင့် နစ်နာကြေးများ၊

()     မြေပိုင်ဆိုင်သနှင့် မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းတို့ ညှိနှိုင်း သဘောတူညီချက်အရ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း ပြုရာတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် ကုန်ကျစရိတ် များ အပါအဝင်အထွေထွေကုန်ကျစရိတ်များ၊

()     အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေး ကုန်ကျစရိတ်များ။

()   လျော်ကြေး (Compensation) ဆိုသည်မှာ မြေတစ်ရပ်ရပ်ကို သိမ်းဆည်းရာတွင် သိမ်းဆည်းသည့် မြေနှင့် မြေပေါ်ရှိ အဆောက်အအုံနှင့် အခြားမရွှေ့မပြောင်းနိုင်သော ပစ္စည်းများ၊ သီးပင်စားပင်များအတွက် မြေပိုင်ဆိုင်သအား ပေးလျော်သည့် လျော်ကြေး ငွေကိုဆိုသည်။

()    နစ်နာကြေး (Damage) ဆိုသည်မှာ မြေတစ်ရပ်ရပ်ကို သိမ်းဆည်းခြင်းကြောင့် အောက်ပါထိခိုက်နစ်နာဆုံးရှုံးမှုအတွက် ထိခိုက်နစ်နာသူတို့အား ပေးလျော်ရသည့် ငွေကြေးကို ဆိုသည် -

()     ပြန်လည်နေရာချထားခြင်း မပြုမီ မြေပိုင်ဆိုင်သ၏ နေရေးထိုင်ရေးနှင့် စားသောက်ရေး အတွက် ကုန်ကျစရိတ်များ ရှိခြင်း၊

()     အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အလုပ်အကိုင်များ  ရပ်ဆိုင်းသွားသည့် အတွက် ဝင်ငွေ ဆုံးရှုံးခြင်း၊

()     မြေသိမ်းဆည်းခြင်းအတွက် မြေတိုင်းတာခြင်း၊ အမှတ်အသားများ စိုက်ထူခြင်း နှင့် အတားအဆီးများ ရှင်းလင်းဖယ်ရှားခြင်းတို့ ပြုရာတွင် အဆောက်အအုံ များနှင့် သီးပင်စားပင်များ ပျက်စီးဆုံးရှုံးခြင်း။

()    ရွှေ့ပြောင်းနေရာချထားစရိတ် ဆိုရာတွင် သိမ်းဆည်းခြင်းခံရသည့် မြေပေါ်မှ ရွှေ့ပြောင်းဖယ်ရှားရသော စရိတ်စကများနှင့် ရွှေ့ပြောင်းသည့်နေရာ၌ နေထိုင်ရန် အတွက် ထောက်ပံ့မှုများ ပါဝင်သည်။

()     ပြန်လည်နေရာချထားခြင်း ဆိုသည်မှာ သိမ်းဆည်းမြေပေါ်မှ ရွှေ့ပြောင်းခံရသူများ အတွက် ခံစားခွင့် အခွင့်အရေး တစ်ရပ်ရပ်ကို မြေပိုင်ဆိုင်သ၏ ဆန္ဒအရ ရွေးချယ်၍ မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်း သဘောတူညီချက်ဖြင့် လူနေအိမ် အဆောက်အဦနှင့် အခြေခံအဆောက်အအုံများ စီစဉ်ဆောင်ရွက်ပေးခြင်း ကိုဆိုသည်။

()     ပြန်လည်ထူထောင်ခြင်း ဆိုရာတွင် မြေသိမ်းဆည်းခံရမှုကြောင့် အကျိုးစီးပွားထိခိုက် နစ်နာသူများအတွက် ခံစားခွင့် အခွင့်အရေးတစ်ရပ်ရပ်ကို မြေပိုင်ဆိုင်သူ၏ ဆန္ဒအရ ရွေးချယ်၍ မြေသိမ်းဆည်းရန် အဆိုပြုသည့်ဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်း သဘော တူညီချက်ဖြင့်အလုပ်အကိုင် အခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ယာယီဘဝရပ်တည်မှု စရိတ်စကများ၊ လူမှုရေး ပံ့ပိုးမှုလုပ်ငန်းစဉ်များစသည့် လူမှုစီးပွားရေး ဘဝကို ပြန်လည်ထူထောင်ပေးသည့် စီစဉ်ဆောင်ရွက် ပေးခြင်းတို့ ပါဝင်သည်။

()     ဗဟို ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းသော မြေသိမ်းဆည်းခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ ဗဟို ကော်မတီကို ဆိုသည်။

()     တာဝန်ခံဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဤဥပဒေအလို့ငှာ တာဝန် ပေးအပ်သော ဝန်ကြီးဌာနကို ဆိုသည်။

()     ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေအလို့ငှာ တာဝန်ခံဝန်ကြီးဌာနက တာဝန်ပေးအပ် သော ဦးစီးဌာနကို ဆိုသည်။

()     မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ ဆိုသည်မှာ မြေသိမ်း ဆည်းရန် အလိုရှိကြောင်း  အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာသည့်အခါ မြေသိမ်း ဆည်းမှု လုပ်ငန်းအဝဝကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ဤဥပဒေအရ ဗဟိုကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ကို ဆိုသည်။

()    ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့ ဆိုသည်မှာ မြေပိုင်ဆိုင်သအား ရွှေ့ပြောင်းနေရာချထားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း လုပ်ငန်းစဉ်များအား တာဝန်ခံ၍ ဆောင်ရွက်ရန် ဤဥပဒေအရ ဗဟို ကော်မတီက ဖွဲ့စည်းပေးသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လုပ်ငန်း အကောင် အထည်ဖော်ရေးအဖွဲ့ကို ဆိုသည်။

()     မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲ ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီက ဤဥပဒေအရ မြေသိမ်းဆည်းရေး နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရန် ဖွဲ့စည်းပေးသော အဖွဲ့ခွဲကို ဆိုသည်။

အခန်း()

ရည်ရွယ်ချက်

 

၄။      ဤ ဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော အမျိုးသား မြေအသုံးချမှု မူဝါဒ များကိုအခြေခံပြီး မြေသိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ ဤဥပဒေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်၊

()     အများပြည်သူ အကျိုးအလို့ငှာ ဥပဒေနှင့်အညီ မြေသိမ်းဆည်းခြင်းဖြင့် မြေသိမ်း ဆည်း ခြင်း ခံရသူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊

()     မြေသိမ်းဆည်းခြင်းပြုရာတွင် ထိခိုက်နစ်နာသူများနှင့် ဒေသခံပြည်သူများ ပါဝင် သော လုပ်ငန်းစဉ်များဖြင့် ကြိုတင်အသိပေးခြင်း၊ ညှိနှိုင်းခြင်း၊ ဆုံးဖြတ်ချက် ချမှတ် ခြင်းတို့ကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ရန်၊

()    ထိခိုက်နစ်နာသူတို့အတွက် တရားမျှတသည့် လျော်ကြေးနှင့် နစ်နာကြေးများ ခံစား ရရှိစေရန်၊

()     မြေသိမ်းဆည်းရာတွင် မြေ စွန့်လွှတ်ဖယ်ရှားခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံး နစ်နာမှုများအတွက် ခံစားခွင့် အခွင့်အရေး တစ်ရပ်ရပ်ကို မြေပိုင်ဆိုင်သ၏ ဆန္ဒအရ ရွေးချယ်၍ မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းသဘော တူညီချက်ဖြင့် ပြန်လည်နေရာချထားပေးခြင်း သို့မဟုတ် လူမှုစီးပွားရေးဘဝကို ပြန်လည်ထူထောင်ပေးခြင်းတို့ ပြုနိုင်ရန်၊

()     မြေကို သိမ်းဆည်းပြီးအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်နစ်နာမှုများအား တားဆီးကာကွယ်ရန်။

 

အခန်း ()

ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၅။      ပြည်ထောင်စုအစိုးရအဖွဲ့သည် -

(က)    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ဒုတိယသမ္မတတစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာန ဝန်ကြီးများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများအား အဖွဲ့ဝင်များအဖြစ် ပါဝင်စေလျက် မြေသိမ်းဆည်းခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမည်။

()     ပုဒ်မခွဲ (က) အရ ဗဟိုကော်မတီကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များထဲမှ သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်။ လိုအပ်ပါက ဒုတိယ ဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို ထည့်သွင်းဖွဲ့စည်းနိုင်သည်။

()     ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ဗဟိုကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၆။      ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ​အောက်ပါအတိုင်းဖြစ်သည် -

(က)    မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ ယင်းမူဝါဒများနှင့်အညီ လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ် ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြီးကြပ်ခြင်း၊

()     ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ကဖြစ်စေ၊ နေပြည်တော်ကောင်စီကဖြစ်စေ မြေသိမ်းဆည်းရေးအတွက် တင်ပြလာသည့် အဆိုပြုတင်ပြချက်များအပေါ်  စိစစ်ပြီးမြေကိုသိမ်းဆည်းရန် လိုအပ် ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရန် လိုအပ်ခြင်းနှင့် မြေပြင် ကွင်းဆင်းစစ်ဆေးချက်အရ မြေသိမ်းဆည်း သင့် မသင့် သဘောထားမှတ်ချက်နှင့် အတူ မြေသိမ်းဆည်းရန် အဆိုပြုချက်နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊

()     မြေသိမ်းဆည်းခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင် ရွက်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြေပိုင်ဆိုင်သများ၊ ဒေသခံကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ် များနှင့် ကျွမ်းကျင်သူများ ပါဝင်စေလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မြေ သိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊

()    မြေသိမ်းဆည်းခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းများတွင် ပြန်လည်နေရာချထားခြင်း နှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြေပိုင်ဆိုင်သူ များ၊ ဒေသခံ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများ ပါဝင်စေလျက်    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊

()     ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ထိရောက် အောင်မြင်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့များနှင့် မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့ တို့ကို ပေါင်းစပ် ညှိနှိုင်းပေးခြင်း၊

()     အများပြည်သူအကျိုးအလို့ငှာ အဆောတလျင် မြေသိမ်းဆည်းခြင်းနှင့် ယာယီမြေ သိမ်းဆည်းခြင်းတို့အတွက် လိုအပ်သော လမ်းညွှန်မှုများ ပေးခြင်း၊

()    မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း တို့ကို ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရေး၊ တာဝန်ခံမှုနှင့် တာဝန်ယူမှု ရှိစေ​ရေး၊ အဂတိလိုက်စားမှုနှင့် လုပ်ပိုင်ခွင့် အလွဲသုံးစားမှုများ မဖြစ်စေရေး အတွက် လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း။

အခန်း ()

မြေသိမ်းဆည်းရန် အဆိုပြုခြင်း၊ စိစစ်ခြင်းနှင့် ပဏာမစုံစမ်းစစ်ဆေးခြင်း

 

၇။      ဤဥပဒေအရ မြေသိမ်းဆည်းခြင်းပြုပေးရန် အောက်ပါ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်း တို့သည် အဆိုပြု တင်ပြ ပိုင်ခွင့်ရှိသည်-

          (က)    ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊

()     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့။

၈။      မြေတစ်ရပ်ရပ်ကို အများပြည်သူအကျိုးအလို့ငှာ အောက်ပါ ကိစ္စတစ်ရပ်ရပ်အတွက် အသုံး ပြုရန် လိုအပ်သည့် ပုဒ်မ ပါ ဌာနနှင့် အဖွဲ့အစည်းတစ်ရပ်ရပ်သည်  ဗဟိုကော်မတီသို့ သတ်မှတ် ချက်များနှင့် အညီ အဆိုပြုလွှာ တင်ပြရမည် -

(က)    မိမိတို့ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း၊

()     ဖက်စပ် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း၊

()     တည်ဆဲဥပဒေနှင့်အညီ နိုင်ငံတော်နှင့် အများပြည်သူအတွက် ပြည်တွင်းပြည်ပမှ ထောက်ပံ့ကူညီလှူဒါန်းသည့် အစီအစဉ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း။

၉။      အများပြည်သူအကျိုးအလို့ငှာ မြေသိမ်းဆည်းပေးရန် တင်ပြသည့် အဆိုပြုလွှာတွင် အောက် ပါ အထောက်အထားများ ပူးတွဲပါရှိစေရမည်-

(က)    အဆိုပြုတင်ပြသူ သို့မဟုတ် အဆိုပြုရန် တာဝန်ပေးအပ်ခံရသူကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် အဆိုပြုလွှာ၊

()     အလိုရှိသည့် မြေနှင့် ပတ်သက်သည့် မြေပုံနှင့် မြေရာဇဝင်မှတ်တမ်း၊ မြေတိုင်းတာ ပြီးစီးခြင်း မရှိပါက မြေပုံကြမ်း၊

()     မြေကို အများပြည်သူအကျိုးအလို့ငှာ သိမ်းဆည်းရန် အလိုရှိသည့် အကြောင်းရင်း ဖော်ပြချက်နှင့် မြေအသုံးချမည့် လျာထားချက်ပုံစံ၊

()    အလိုရှိသည့် မြေပေါ်တွင် ဘာသာရေး အဆောက်အဦများ အများပြည်သူဆိုင်ရာ သုသာန်မြေနှင့် သင်္ချိုင်းဂူများ ပါဝင်မှုရှိ မရှိနှင့် ပါရှိပါက ယင်းနေရာကို ချန်လှပ် ထားရေးအပေါ် သဘောထားတင်ပြချက်၊ ချန်လှပ်ခြင်းမရှိဘဲ သိမ်းဆည်းလိုပါက သက် ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်နှင့် ညှိနှိုင်းသဘောတူညီချက်နှင့် ရွှေ့ပြောင်းနေရာ ချထားစရိတ် အပါအဝင် အခြား ကုန်ကျစရိတ်အတွက်  တာဝန်ယူကြောင်း ကတိခံဝန်ချက်၊

()     အလိုရှိသည့်မြေတွင် လုပ်ဆောင်မည့် လုပ်ငန်းတို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ထားသည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ် ချက်နှင့် လူမှုစီးပွားရေး ထိခိုက်မှု ဆန်းစစ်ချက်၊

()     အလိုရှိသည့်မြေရှိ မြေပိုင်ဆိုင်သူများနှင့် စပ်လျဉ်း၍ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ကို  ဆောင်ရွက်ပေးမည့်အစီအစဉ်၊

()    ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အဆိုပြုချက်၊

()     မြေသိမ်းဆည်းခြင်း လုပ်ငန်းစဉ်အရပ်ရပ်အတွက် ဆောင်ရွက်ရာတွင် ကုန်ကျမည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စအတွက် အဆိုပြုတင်ပြသူက တာဝန်ယူကြောင်း ဝန်ခံကတိပြုလွှာ၊

()     အဆောတလျင် မြေသိမ်းဆည်းခြင်း သို့မဟုတ် ယာယီ မြေသိမ်းဆည်းပေးခြင်းပြုရန် လိုအပ်ပါက လုံလောက်သော  အကျိုးအကြောင်း ဖော်ပြ ချက်၊

()    မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း၏ အုပ်ချုပ်မှုဆိုင်ရာ သဘော တူညီချက်။

၁၀      ဗဟိုကော်မတီသည် မြေကိုအလိုရှိကြောင်း တင်ပြသည့် အဆိုပြုလွှာကို စိစစ်ပြီး မြေပြင် ကွင်း ဆင်း စစ်ဆေးစေရန်နှင့် မြေသိမ်းဆည်း သင့် မသင့် သဘောထား မှတ်ချက်တင်ပြရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီသို့ အဆိုပြုလွှာနှင့်အတူ အကြောင်းကြားစာ ပေးပို့ရမည်။ ထိုအကြောင်းကြားစာ မိတ္တူကို တာဝန်ခံ ဝန်ကြီးဌာနသို့ ပေးပို့ ရမည်။

၁၁။    သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီသည် ပုဒ်မ ၁၀ အရ ဗဟိုကော်မတီ က အကြောင်းကြားလာသည့်အခါ မြေကိုအလိုရှိကြောင်း တင်ပြသည့် အဆိုပြုချက်ကို စိစစ်ပြီး ပုဒ်မ ပါ အချက်များ ပြည့်စုံစွာ ဖော်ပြပါရှိပါက အောက်ပါကိစ္စများကို အစီအစဉ်များ ချမှတ်၍ ဆောင်ရွက်ရမည် -

(က)    သိမ်းဆည်းရန် ရည်ရွယ်သည့်မြေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြေသိမ်းဆည်းမည့် အဆိုပြုမှုအပေါ် အများပြည်သူ ရှင်းလင်းစွာ သဘောပေါက် သိရှိရေးအတွက် ဒေသခံ ပြည်သူများသို့ ချပြဆွေးနွေးခြင်းနှင့် သဘောထားရယူခြင်း၊ ထိုသို့ပြုလုပ်ရာတွင် သက်ဆိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြား ပါဝင်စေခြင်း၊

          ()     သိမ်းဆည်းရန်ရည်ရွယ်သည့် မြေနေရာရှိ ထိခိုက်နစ်နာသူများ၏ လူမှု စီးပွားရေး ဘဝ ထိခိုက်နစ်နာမှုများ၊ ပတ်ဝန်းကျင် ထိခိုက်မှု အလားအလာများ အပေါ် မြေသိမ်း ဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း၏ တင်ပြချက်များကို မြေပေါ် အမှန်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊

        ()     မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း၏ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း တို့အတွက် လျာထားချက်များကို ကျွမ်းကျင် ပညာရှင်များ ၏ သဘောထားအမြင်နှင့် ထိခိုက်နစ်နာသူများ၏ လိုလားချက်များ အပေါ် အခြေခံ၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊

()    အဆိုပြုသည့် မြေသိမ်းဆည်းမှုသည် နိုင်ငံတော်၏အကျိုး၊ အများပြည်သူအကျိုး ဖြစ်ထွန်းနိုင်မှု အခြေအနေ ရှိ မရှိ၊

()     အဆိုပြုလွှာတွင် ပူးတွဲပါရှိသည့် ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင် ခြင်းဆိုင်ရာ လုပ်ငန်းအစီအမံများ ပြည့်စုံလုံလောက်မှုအခြေအနေ၊

()     ဌာနဆိုင်ရာနှင့် ပြင်ပကျွမ်းကျင်ပညာရှင်များ၏ သဘောထားမှတ်ချက် ရယူခြင်း၊

()    စိစစ်တွေ့ရှိချက်များကို သုံးသပ်ခြင်း၊ သဘောထားမှတ်ချက်နှင့်တကွ ဗဟိုကော်မတီ သို့ အစီရင်ခံ တင်ပြခြင်း။

၁၂။      သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီသည် မြေကိုအလိုရှိကြောင်း တင်ပြသည့် အဆိုပြုလွှာနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၁ ပါ ကိစ္စများအပြင် အခြား လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အလို့ငှာ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းမှ သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲ ကို ဖွဲ့စည်းပြီး တာဝန်ပေးအပ် ရမည်။

၁၃။   မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲသည် -

(က)    သိမ်းဆည်းရန် အဆိုပြုသည့် မြေနှင့်စပ်လျဉ်း၍ ထိခိုက်နစ်နာသူတို့ထံသို့ အနည်းဆုံး   ၇ ရက် ကြိုတင်အကြောင်းကြား၍ မြေပေါ်သို့ ဝင်ရောက်ပြီး အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် -

()     အဆိုပြုသည့် မြေကို တိုင်းတာခြင်း၊ နယ်နိမိတ်နှင့် မျဉ်းအမှတ်အသားများ ပြုလုပ်ခြင်း၊ စိုက်ထူခြင်းနှင့်   မြေပုံဆွဲခြင်း၊

()     မြေသည် အသုံးပြုရန် သင့်လျော်ခြင်း ရှိ မရှိ သေချာစေရန် လိုအပ်သော လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း၊

()     ပုဒ်မခွဲငယ် () နှင့် () တို့အရ ဆောင်ရွက်ရာတွင် အတားအဆီးဖြစ်သော ချုံနွယ်များ ရှင်းလင်းဖယ်ရှားခြင်း။

()     ကွင်းဆင်းတိုင်းတာခြင်း၊ ထိခိုက်နစ်နာသူများ နှင့် ထိခိုက်နစ်နာမည့်အခြေအနေ စာရင်းကောက်ယူရမည်။

()     ပုဒ်မခွဲ (က) နှင့် () တို့အရ ဆောင်ရွက်ရာတွင် စိုက်ပျိုးထားသော သီးပင် စားပင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ထိခိုက်ပျက်စီးမှု မရှိစေရ။ အကယ်၍ ထိခိုက်ပျက်စီးမှုများ ရှိပါက ထိခိုက်ပျက်စီးမှုအတွက် ကာလပေါက်ဈေးကို ထိခိုက် နစ်နာသူများကို ပေးလျော်ရမည်။

၁၄။      (က)     ထိခိုက်နစ်နာသူများသည် ပုဒ်မ ၁၃ အရ မြေပြင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲ၏ ဆောင်ရွက်ချက်များနှင့် ပေးလျော်သည့် ထိခိုက် ပျက်စီးမှုအတွက် ကာလပေါက်ဈေး တို့နှင့်စပ်လျဉ်း၍ ကျေနပ်မှု မရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ် အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီသို့ တင်ပြ နိုင်သည်။

          ()     သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော် ကောင်စီသည် ပုဒ်မခွဲ (က) အရ တင်ပြချက်ကို စိစစ်ပြီး သင့်လျော်သည့် အမိန့် တစ်ရပ်ရပ် ချမှတ်နိုင်သည်။ ယင်းအမိန့်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၁၅။      သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီသည် -

(က)    မြေကိုအလိုရှိကြောင်း တင်ပြသည့် အဆိုပြုချက်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် မြေကို အများပြည်သူအကျိုးအလို့ငှာ သိမ်းဆည်းရန် သင့် မသင့် မိမိတို့၏ သဘောထား မှတ်ချက်နှင့်အတူ သက်ဆိုင်သည့် လွှတ်တော် ကိုယ်စားလှယ် များ၏ သဘောထား ပူးတွဲ၍ ဗဟိုကော်မတီသို့ တင်ပြရမည်။

()     အဆိုပြုသည့်မြေကို အများပြည်သူအကျိုးအလို့ငှာ သိမ်းဆည်းသင့်ကြောင်း သဘော ထားမှတ်ချက်ပြုပါက အများပြည်သူ သိရှိရန် ထိုမြေကို သိမ်းဆည်းရန် လိုအပ် ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ မူကြမ်း ပူးတွဲ၍ ဗဟိုကော်မတီသို့ တင်ပြရမည်။

၁၆    ဗဟိုကော်မတီသည် ပုဒ်မ ၁၅ အရ မြေကိုသိမ်းဆည်းရန် လိုအပ်ကြောင်း တင်ပြလာသည့် မြေနှင့် အဆောက်အအုံတို့မှာ အောက်ပါတို့နှင့် အကျုံးဝင်ပါက ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိမှသာ မြေသိမ်းဆည်းခြင်းကိစ္စကို ဆောင်ရွက် ရမည်-

(က)    တည်ဆဲဥပဒေအရ ကာကွယ်ထိန်းသိမ်းထားသည့် ရှေးဟောင်းဝတ္တုပစ္စည်းနှင့် ရှေးဟောင်း အဆောက်အဦတည်ရာ မြေနေရာများ၊

()     သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိသည့်နေရာများ၊

()     သမိုင်းကြောင်း ခိုင်မာစွာ တည်ရှိလာပြီး ပြည်သူအများ တန်ဖိုးထားထိန်းသိမ်းလာ သည့် အထင်ကရ နယ်မြေများနှင့် အဆောက်အဦများ၊ ပရိဝုဏ်များ၊ အထိမ်းအမှတ် နေရာများ၊

()    တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာဓလေ့ထုံးစံအရ အသုံးပြုနေသော မြေများနှင့် အမြတ်တနိုး ရိုသေတန်ဖိုးထား စောင့်ရှောက်ထိန်းသိမ်းထားသည့် နေရာများ။

အခန်း ()

မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ
ထုတ်ပြန်ခြင်းနှင့် ကန့်ကွက်လွှာ တင်သွင်းခြင်း

၁၇။    ဗဟိုကော်မတီသည် -

(က)     မြေကိုအလိုရှိကြောင်း တင်ပြသည့် အဆိုပြုချက်နှင့် စပ်လျဉ်း၍ စိစစ်ချက်နှင့် စစ်ဆေး ချက်တို့အရ အဆိုပြုသည့် မြေကို အများပြည်သူအကျိုးအလို့ငှာ သိမ်းဆည်းရန် လိုအပ် ကြောင်း တွေ့ရှိပါက အများပြည်သူသိရှိရန်ထိုမြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ကြေညာရမည်။

()     ပုဒ်မခွဲ (က) အရ ထုတ်ပြန်ကြေညာမည့် အမိန့် ကြော်ငြာစာတွင် အောက်ပါအချက် များ ဖော်ပြပါရှိရမည် -

()     မြေတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် သို့မဟုတ်  ကျေးရွာအုပ်စု၊ ကွင်း၊ အကွက်၊ ခန့်မှန်း ဧရိယာ၊ မြေအမျိုးအစား စသော မြေနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊

                   ()     အများပြည်သူအကျိုးအလို့ငှာ မည်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်ရန် အသုံးပြုရေးအတွက် သိမ်းဆည်းရန် အလိုရှိရခြင်း ဖြစ်ကြောင်း အကြောင်း ပြချက်။

          ()     ထို့ပြင် ပုဒ်မခွဲ (က) အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာရာတွင် အောက်ပါ အချက်များ ပူးတွဲ ပါရှိစေရမည်-

                   ()     မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့နှင့် ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း အကောင်အထည် ဖော်ရေး အဖွဲ့တို့အား တာဝန် ပေးအပ်သည့် အမိန့်၊

                   ()     အဆိုပြုလွှာပါ လူမှုရေး၊ စီးပွားရေးဘဝ ထိခိုက်နစ်နာမှုအတွက် ဆန်းစစ် တွေ့ရှိချက် အကျဉ်း၊

                   ()     အဆိုပြုလွှာပါ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ဆန်းစစ်တွေ့ရှိချက် အကျဉ်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊

                   ()     ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့အတွက် လျာထား ချက် အကျဉ်း။

         ()    အများပြည်သူ အကျိုးအလို့ငှာ မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်အခါ မြေ သိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့က ယင်း၏ လုပ်ငန်း တာဝန်များ စတင်ဆောင်ရွက်ခြင်း မပြုမီ သိမ်းဆည်းရန် လိုအပ်သည့်မြေနှင့်စပ်လျဉ်း၍ မြေပိုင်ဆိုင်သနှင့် ညှိနှိုင်းပြီး ထိုမြေကို ဝယ်ယူ လွှဲပြောင်းနိုင်ရေး အတွက် မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းသို့ အကြောင်း ကြားရမည်။

         ()     ပုဒ်မခွဲ () ပါ အကြောင်းကြားချက်အရ မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းက အဆိုပြုသည့် မြေကို ဝယ်ယူရေးအတွက် မြေပိုင်ဆိုင်သနှင့် ညှိနှိုင်း သော်လည်း သဘောတူညီချက် မရရှိသည့်အခါ မြေသိမ်းဆည်းမှု အကောင်အထည် ဖော်ဆောင်ရွက်ရေးအဖွဲ့က ယင်း၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက် စေရမည်။

၁၈။   (က)    အဆိုပြုသည့် မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ ကို မြန်မာနိုင်ငံ ပြန်တမ်းတွင် ထည့်သွင်း ကြော်ငြာရမည့်အပြင် အများပြည်သူ သိရှိရန် နေ့စဉ်ထုတ် သတင်းစာများတွင်လည်းကောင်း၊ ဒေသထုတ် သတင်းလွှာ များတွင်လည်းကောင်း သတ်မှတ်ကာလအတွင်း အနည်းဆုံး ၂ ကြိမ် ထည့်သွင်း ကြေညာရမည့်အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီရုံး၏ ကြော်ငြာသင်ပုန်းတွင် ကပ်၍လည်း ကြော်ငြာရမည်။ ထို့ပြင် မြေတည်ရှိရာဒေသမှ အောက်ပါနေရာများရှိ အများပြည်သူ ဆိုင်ရာ ကြော်ငြာ သင်ပုန်းတွင်လည်း ကြေညာချက် မိတ္တူများကို ကပ်လျှက် အများ ပြည်သူသိရှိစေရန် ထုတ်ပြန် အသိပေးရမည်။ အဆိုပါ အမိန့်ကြော်ငြာစာကို လိုအပ်ပါက ဒေသသုံး ဘာသာစကားဖြင့်လည်း ပူးတွဲ ဖော်ပြကြော်ငြာရမည် -

()     မြေတည်ရာဒေသ၏ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊

()     မြေတည်ရာဒေသ၏ မြို့နယ်တရားရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံး၊

()     သိမ်းဆည်းရန် ရည်ရွယ်သည့် မြေအနီးတွင် အများပြည်သူ သိမြင်လွယ်သည့် နေရာများ၌ ဤကိစ္စအလို့ငှာ ပြုလုပ်သည့် ကြော်ငြာသင်ပုန်း။

()     ရုပ်မြင်သံကြားနှင့် အသံလွှင့်မီဒီယာများတွင် လိုအပ်ပါက ထည့်သွင်းကြေညာရမည်။

()     ထိခိုက်နစ်နာသူတစ်ဦးချင်း ထံသို့လည်း အဆိုပါ အမိန့်ကြော်ငြာစာ မိတ္တူပူးတွဲလျှက် အသိပေးအကြောင်းကြားစာကို တရားမကျင့်ထုံး ဥပဒေနှင့်အညီပေးပို့ အကြောင်း ကြားရမည်။

၁၉။    ထိခိုက်နစ်နာသူတို့သည် မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခြင်း နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ထိုသို့ ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော် ကောင်စီသို့ ကန့်ကွက်ရခြင်းအကြောင်းကို ကျိုးကြောင်း ဖော်ပြ၍  ခိုင်လုံသော အထောက်အထားများ ပူးတွဲပြီး ကန့်ကွက်လွှာ တင်နိုင်သည်။

၂၀။    သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီသည် -

(က)     ပုဒ်မ ၁၉ အရ တင်သွင်းသည့် ကန့်ကွက်လွှာကို စိစစ်ပြီး ကန့်ကွက်သူအား ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ ဖြေရှင်းခွင့်ပေးရမည်။

()       ပုဒ်မခွဲ (က) အရ ကန့်ကွက်သူအား ဖြေရှင်းခွင့်ပေးပြီးနောက် မြေကို သိမ်းဆည်းရန် မလိုအပ်ကြောင်း တွေ့ရှိပါက ထုတ်ပြန် ကြေညာသည့် အမိန့်ကြော်ငြာစာကို ပယ်ဖျက် ကြောင်း အများပြည်သူသိရှိရန် ပုဒ်မ ၁၈ ပါ နည်းလမ်းများအတိုင်း ကြေညာ ရေးအတွက် ဗဟိုကော်မတီသို့ သဘောထား မှတ်ချက်ဖြင့် တင်ပြရမည်။

()     အဆိုပြုသည့် မြေကို အများပြည်သူ အကျိုးအလို့ငှာ သိမ်းဆည်းရန် လိုအပ်ကြောင်း တွေ့ရှိ ပါက ထိုမြေကို သိမ်းဆည်းသင့်ကြောင်း သဘောထားမှတ်ချက်နှင့်အတူ မြေသိမ်းဆည်းရေးကိစ္စ ဆက်လက် ဆောင်ရွက်ရေးအတွက် ဗဟိုကော်မတီသို့ တင်ပြ ပြီး  ထိုတင်ပြချက် မိတ္တူကို ကန့်ကွက်လွှာတင်သွင်းသူထံသို့ ပေးပို့ရမည်။

၂၁။    ဗဟိုကော်မတီသည် -

 (က)   ပုဒ်မ ၂၀၊ ပုဒ်မခွဲ () အရ တင်ပြသည့် သဘောထားမှတ်ချက်ကို လက်ခံသဘောတူ ပါက  ပုဒ်မ ၁၇ နှင့် ၁၈ တို့အရ မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာနှင့် ကြေညာချက်များကို ပယ်ဖျက်ကြောင်း ထုတ်ပြန် ကြေညာ ရမည်။

()     ပုဒ်မ ၂၀၊ ပုဒ်မခွဲ () အရ တင်ပြသည့် သဘောထားမှတ်ချက်ကို လက်ခံသဘောတူ ပါက  အဆိုပြုသည့်မြေကို သိမ်းဆည်းရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်ရန် မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့နှင့် ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း အကောင်အထည် ဖော်ရေး အဖွဲ့သို့လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရ အဖွဲ့နှင့် နေပြည်တော် ကောင်စီသို့လည်းကောင်း အကြောင်းကြား ရမည်။

၂၂။     မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် သိမ်းဆည်းရန် ရည်ရွယ် သည့် မြေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြေသိမ်းဆည်းမည့် ရည်ရွယ်ချက်နှင့် အခြေအနေအပေါ် အများပြည်သူ၏ သဘောထားရယူခြင်းတို့နှင့် စပ်လျဉ်း၍ လုပ်ဆောင်မည့် အစီအစဉ်ကို ထိခိုက် နစ်နာသူတို့ထံသို့ အနည်းဆုံး    ရက် ကြိုတင်အသိပေးအကြောင်းကြားပြီး အောက်ပါ လုပ်ငန်း တာဝန်များကို ကိုယ်တိုင်ဖြစ်စေ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲကို တာဝန်ပေး၍ ဖြစ်စေ ဆောင်ရွက်ရမည် -

          (က)    သိမ်းဆည်းရန်ရည်ရွယ်သည့် မြေနေရာရှိ ထိခိုက်နစ်နာသူတို့၏ လူမှု စီးပွားရေးဘဝ ထိခိုက်နစ်နာမှုများ၊ ပတ်ဝန်းကျင်ထိခိုက်မှုအလားအလာများအပေါ် မြေသိမ်းဆည်း ရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း၏ တင်ပြချက်များကို မြေပေါ်အမှန်နှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊

          ()     မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း၏ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း တို့အတွက် လျာထားချက်များကို ကျွမ်းကျင် ပညာရှင် များ၏ သဘောထားအမြင်နှင့် မြေပိုင်ဆိုင်သတို့၏ လိုလားချက်များ အပေါ် အခြေခံ၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘောတူညီမှုရယူခြင်း။

     ()     မြေသိမ်းဆည်းမည့်ရည်ရွယ်ချက်နှင့် အခြေအနေများအပေါ် ထိခိုက်နစ်နာသူများ အပါအဝင် ပြည်သူလူထုထံမှ ကန့်ကွက်လွှာခေါ်ယူခြင်း၊ စာဖြင့် ရေးသားကန့်ကွက်ချက် ကို လက်ခံခြင်း၊ ကြားနာစစ်ဆေးခြင်း၊ အထောက်အထား စာရွက်စာတမ်းများ တင်ပြ စေရန် တောင်းခံခြင်း၊ လိုအပ်ပါက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခြင်း။

          ()    မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းမှ ကိုယ်စားလှယ်၊ မြေပိုင်ဆိုင်သူ များနှင့် ယင်းတို့၏ ကိုယ်စားလှယ်တို့နှင့်အတူ မြေပြင်ကွင်းဆင်းတိုင်းတာ မှတ်သားခြင်း၊

          ()     ထိခိုက်နစ်နာသူများစာရင်းနှင့် ထိခိုက်နစ်နာမှု အခြေအနေများ စာရင်းကောက်ယူခြင်း၊

          ()     သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုစီးပွားရေးဘဝ ထိခိုက်မှု အလားအလာများ နှင့် စပ်လျဉ်းသည့်  မြေပြင်ကွင်းဆင်း၍ စစ်ဆေးတွေ့ရှိချက်များကို မှတ်တမ်းတင်ခြင်း၊

          ()    ကွင်းဆင်းတိုင်းတာမှုကြောင့် ထိခိုက်နစ်နာသူတို့၏ အကျိုးစီးပွား ထိခိုက် နစ်နာမှု များအား မှတ်တမ်းတင်ခြင်း၊ ဒေသ၏ ကာလတန်ဖိုးအပေါ် လျော်ကြေးနှင့် နစ်နာကြေး များ တွက်ချက်ခြင်း။          

၂၃။    ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့သည် မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း၏ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့နှင့် စပ်လျဉ်းသည့် လျာထားချက်များနှင့် ထိခိုက်နစ်နာမှုများ၏ အခြေ အနေမှန်ကို လိုက်လျောညီထွေမှု ရှိ မရှိ စိစစ်ခြင်းနှင့် စပ်လျဉ်း၍ မြေပိုင်ဆိုင်သူထံသို့ အနည်းဆုံး    ရက် ကြိုတင် အသိပေး အကြောင်းကြားပြီး အောက်ပါ လုပ်ငန်းတာဝန်များကို ကိုယ်တိုင်ဖြစ်စေ၊ မြေပြင်ကွင်းဆင်း စစ်ဆေးရေး အဖွဲ့ခွဲကို တာဝန်ပေး၍ ဖြစ်စေ ဆောင်ရွက်ရမည် -

          (က)    မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်တာဝန်များ -

                   ()     ပြောင်းရွှေ့နေရာချထားမည့် နေရာသည် အခြေချနေထိုင်ရန် သင့်တော်မှုရှိ မရှိနှင့် အကောင်အထည်ဖော်နိုင်မည့် အခြေအနေ

          ()     ဘာသာရေးအဆောက်အဦများနှင့် အများပြည်သူဆိုင်ရာ ကျောင်း၊ ဆေးခန်း၊ ဈေး၊ ရုံး စသည့် အဆောက်အဦများ ပြန်လည်တည်ဆောက်နိုင်မည့် အခြေအနေ၊

          ()     အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်သည့်အခြေအနေ၊

()     ယာယီထောက်ပံ့ကြေး ပံ့ပိုးပေးမည့် အစီအစဉ်နှင့် လုံလောက်မှုအခြေအနေ၊

()     အိမ်ထောင်သားစု အသက်မွေးမှုဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုး ပေးသင့်သည့် အစီအစဉ်များ၊

()     ပညာရေး၊ ကျန်းမာရေးစသည့် ကူညီစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ရန် အစီအစဉ်များ၊

( )    ပုဒ်မခွဲ (က) အရ မြေပြင်ကွင်းဆင်း၍ စစ်ဆေးရာတွင် မြေသိမ်းဆည်းရန် အဆိုပြု သည့် ဌာန၊ အဖွဲ့အစည်းမှ ကိုယ်စားလှယ်၊ သိမ်းဆည်းခံမြေနှင့် ဆက်စပ်ပတ်သက် သည့် ထိခိုက်နစ်နာသူများနှင့် ယင်းတို့၏ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကျွမ်းကျင် သူများ၊ အခြား လိုအပ်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်ခြင်း။

()     ပုဒ်မခွဲ (က) နှင့် () တို့အရ ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အထားများ တောင်းယူကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် သက်ဆိုင်သည် ဟု မှတ်ယူရသူများအား ခေါ်ယူမေးမြန်းခြင်း။ 

၂၄။    မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲသည် -

          (က)    လုပ်ငန်းနှင့် သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ကျွမ်းကျင်သူများ၏ သဘောထား မှတ်ချက်ကို လွတ်လပ်စွာတောင်းပိုင်ခွင့်ရှိစေရမည်။ ထို့ပြင် ယင်းတို့၏ ပံ့ပိုးကူညီမှုကို တောင်းခံနိုင်သည်။

     ()     မိမိတို့၏ မြေပြင်ကွင်းဆင်းစစ်ဆေးချက်၊ စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘော ထားမှတ်ချက်တို့ကို မြေသိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ မြေသိမ်းဆည်းမှု အကောင် အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သို့ လည်းကောင်း၊ ပြန်လည်နေရာ ချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍  ပြန်လည်နေရာ ချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့သို့ လည်းကောင်း စစ်ဆေးတွေ့ရှိချက်နှင့်  အစီရင်ခံစာများ ပြုစုတင်ပြရမည်။

၂၅။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့နှင့် ပြန်လည်နေရာချထားခြင်း နှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့တို့သည် မြေပြင်ကွင်းဆင်း စစ်ဆေးရေး အဖွဲ့ခွဲအသီးသီး၏ စစ်ဆေးတွေ့ရှိချက်နှင့် အစီရင်ခံစာများကို စုစည်း၍ မိမိတို့၏ သုံးသပ်ချက်၊ သဘောထားမှတ်ချက်တို့ ပါဝင်သည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီသို့ တင်ပြရမည်။

၂၆။    သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီသည်-

(က)  မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့နှင့် ပြန်လည်နေရာ ချထား ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့တို့၏ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာများအပေါ် အများပြည်သူ အကျိုးအလို့ငှာ မြေသိမ်းဆည်းရန် သင့် မသင့် မိမိ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ဗဟိုကော်မတီသို့ ဆက်လက် တင်ပြရမည်။ မြေသိမ်းဆည်းသင့်ကြောင်း သဘောထားမှတ်ချက်ပြုပါက မြေသိမ်းဆည်း ရန် ဆက်လက်ဆောင်ရွက်ခွင့်ပြုရေးအတွက် ထုတ်ပြန်ရန် လိုအပ်သော အမိန့် ကြော်ငြာစာ မူကြမ်းကိုပါ တစ်ပါတည်းပြုစုတင်ပြရမည်။

()    မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းက အဆိုပြုလွှာကို ရုပ်သိမ်းခြင်း ကြောင့်ဖြစ်စေ၊ မြေသိမ်းဆည်းမှုအကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်အရ သိမ်းဆည်းရန် မလိုအပ်သည့်မြေများ ပါဝင်နေခဲ့လျှင်ဖြစ်စေ ထိုအမိန့်ကြော်ငြာစာကို ပြန်လည်ပယ်ဖျက်၍ မြေသိမ်းဆည်းရေး လုပ်ငန်းများကို ပြင်ဆင်ထုတ်ပြန်ခြင်း သို့မဟုတ် ရပ်စဲခြင်း ပြုလုပ်ရမည်။

၂၇။    ဗဟိုကော်မတီသည် -

(က)    မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းက အဆိုပြုလွှာနှင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီအဖွဲ့က ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က) အရ မြေသိမ်းဆည်းရန် သင့် မသင့် တင်ပြလာသည့် သဘောထားမှတ်ချက်ကိုလည်းကောင်း စိစစ်ပြီး အများပြည်သူအကျိုးအလို့ငှာ မြေသိမ်းဆည်းရန် သင့် မသင့် မိမိ၏ တွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရမည်။

()     ပုဒ်မခွဲ (က) အရ အများပြည်သူ အကျိုးအလို့ငှာ မြေသိမ်းဆည်းသင့်ကြောင်း သဘော ထားမှတ်ချက်ပြုပါက မြေသိမ်းဆည်းရန် အဆိုပြုသည့် အထောက်အထားများနှင့် အတူ အများပြည်သူ သိရှိရန် ထုတ်ပြန်ကြေညာမည့် အမိန့်ကြော်ငြာစာ မူကြမ်းကိုပါ ပူးတွဲ၍တင်ပြရမည်။

၂၈။    ပြည်ထောင်စု အစိုးရအဖွဲ့သည် -

(က)    ပုဒ်မ ၂၇ အရ တင်ပြသည့် သဘောထားမှတ်ချက်နှင့် အဆိုပြုသည့် အထောက်အထား များကို စိစစ်ပြီး အဆိုပြုသည့်မြေကို အများပြည်သူ အကျိုးအလို့ငှာ သိမ်းဆည်း ကြောင်း သို့မဟုတ် သိမ်းဆည်းခြင်းမပြုကြောင်း ဆုံးဖြတ်ချက် ချမှတ်ရမည်။ ယင်း ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည် ဖြစ်သည်။

()     ပုဒ်မခွဲ (က) အရ အဆိုပြုသည့်မြေကို အများပြည်သူ အကျိုးအလို့ငှာ သိမ်းဆည်း ကြောင်း ဆုံးဖြတ်ပါက အများပြည်သူသိရှိရန် အဆိုပြုသည့်မြေကို သိမ်းဆည်း ကြောင်း အမိန့်ကြော်ငြာစာကို တာဝန်ခံဝန်ကြီးဌာနက ပုဒ်မ ၁၇ နှင့် ၁၈ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ကြေညာရေးအတွက် ဆက်လက် ဆောင်ရွက်ရန် ဗဟိုကော်မတီသို့ အကြောင်းကြားရမည်။ ထိုအကြောင်းကြားချက် မိတ္တူကို တာဝန်ခံ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီသို့ ပေးပို့ရ မည်။

၂၉။    ဗဟိုကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့က ပုဒ်မ ၂၈ အရ အဆိုပြုမြေကို အများ ပြည်သူအကျိုးအလို့ငှာ သိမ်းဆည်းကြောင်း ချမှတ်သည့် ဆုံးဖြတ်ချက်နှင့်အညီ အများပြည်သူ သိရှိရန် အဆိုပြုသည့်မြေကို သိမ်းဆည်းကြောင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီသို့ အကြောင်းကြားရမည်။

၃၀။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သည် ပုဒ်မ ၂၉ အရ အကြောင်း ကြားစာရရှိပြီးနောက် မြေသိမ်းဆည်းမည်ဖြစ်ကြောင်း ကြေညာသည့် အမိန့်ကြော်ငြာစာ မထုတ်ပြန်မီ ရုံးလုပ်ငန်းကိစ္စအဝဝနှင့် မြေပြင် ကွင်းဆင်းလုပ်ငန်းအရပ်ရပ်အတွက် လိုအပ်မည့် ခန့်မှန်းကုန်ကျ စရိတ်နှင့် ပေးလျော်ရန် ဖြစ်ပေါ်လာမည့် လျော်ကြေးနှင့် နစ်နာကြေးအပြင် အုပ်ချုပ်မှုနှင့် စီမံ ခန့်ခွဲရေး ကုန်ကျစရိတ်များကို ကြိုတင်တွက်ချက်၍ မြေသိမ်းဆည်းရန် အဆိုပြုသည့်ဌာန၊ အဖွဲ့ အစည်းထံမှ ကြိုတင်တောင်းခံပြီး ဦးစီးဌာနသို့ ပေးသွင်းစေရမည်။ အဆိုပါ ကုန်ကျစရိတ်ငွေများ ဦးစီးဌာန၏ လက်ဝယ်ရောက်ရှိထိန်းသိမ်းပြီးမှသာ မိမိတို့၏ မြေသိမ်းဆည်းခြင်းဆိုင်ရာ လုပ်ငန်းစဉ် ကို စတင်ဆောင်ရွက်ရမည်။

အခန်း ()

မြေကို သိမ်းဆည်းမည်ဖြစ်ကြောင်း ကြေညာခြင်းနှင့်
မြေလက်ရောက်သိမ်းဆည်းခြင်း

 

၃၁။    တာဝန်ခံ ဝန်ကြီးဌာနသည် ပုဒ်မ ၂၉ အရ ဗဟိုကော်မတီက အကြောင်းကြားလာသည့်အခါ  အများပြည်သူ အကျိုးအလို့ငှာ မြေကိုသိမ်းဆည်းမည်ဖြစ်ကြောင်း အများပြည်သူသိရှိရန်ပုဒ်မ ၁၇ နှင့် ၁၈ တို့ပါ နည်းလမ်းများဖြင့်အမိန့် ကြော်ငြာစာထုတ်ပြန်ကြေညာခြင်းနှင့် အသိပေးခြင်းတို့ ပြုရမည်။

၃၂။    ပုဒ်မ ၃၁ အရ မြေကိုသိမ်းဆည်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည့် အမိန့်ကြော်ငြာ စာတွင် အောက်ပါအချက်များ ဖော်ပြပါရှိရမည် -

      (က)    မြေတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ ကွင်း၊ အကွက်၊ စိစစ်အတည်ပြုပြီးဖြစ်သည့် မြေဧရိယာ၊ မြေအမျိုးအစားစသော မြေနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊

          ()     အများပြည်သူအကျိုးအလို့ငှာ မည်သည့် အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း ၏ လုပ်ငန်းဆောင်ရွက်ရန်အတွက် သိမ်းဆည်းရန် အလိုရှိရခြင်း အကြောင်းပြချက်၊

          ()     မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သို့ တာဝန်ပေးအပ်မှု။

          ()    မြေသိမ်းဆည်းခံရသော မြေပိုင်ဆိုင်သူတို့နှင့် ညှိနှိုင်းသဘောတူညီပြီးဖြစ်သည့် ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း လျာထားချက်အကျဉ်း။

၃၃။    သက်ဆိုင်ရာ မြေသိမ်းဆည်းမှုအကောင်အထည်ဖော်ရေးအဖွဲ့သည် ဗဟိုကော်မတီ၏ တာဝန် ပေးအပ်ချက်အရ တာဝန်ခံဝန်ကြီးဌာနက မြေကိုသိမ်းဆည်းမည်ဖြစ်ကြောင်း အများပြည်သူသိရှိရန် ပုဒ်မ ၁၇ နှင့် ၁၈ တို့ပါ နည်းလမ်းများဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာခြင်း၊ အသိပေးခြင်း တို့ပြုပြီးသည်နှင့်တစ်ပြိုင်နက် အောက်ပါအချက်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်ရမည်-

          (က)    မြေသိမ်းဆည်းသည့် အမိန့်ကြော်ငြာစာကို မြေတည်ရှိရာဒေသရှိ အများပြည်သူသို့ ထပ်ဆင့်အသိပေးကြေညာခြင်း၊ လိုအပ်ပါက ဒေသသုံးဘာသာစကားဖြင့်လည်း ပူးတွဲ ဖော်ပြကြေညာခြင်း၊

      ()     သိမ်းဆည်းမည့် မြေကို လိုအပ်ပါက ကွင်းဆင်းစစ်ဆေး မှတ်သားခြင်းနှင့် လျော်ကြေး၊ နစ်နာကြေး တွက်ချက်ထုတ်ပေးခြင်းတို့ကို ဤဥပဒေ အခန်း () ပါ ပြဋ္ဌာန်းချက် နှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း                     

၃၄။    မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ခွဲသည် သိမ်းဆည်းမည့် မြေနှင့်စပ်လျဉ်း၍ ထိခိုက် နစ်နာသူများထံသို့ အနည်းဆုံး ၇ ရက် ကြိုတင်အကြောင်းကြားပြီး မှတ်တမ်းတင်ခြင်း လုပ်ငန်း စဉ်တွင် အောက်ပါတို့ကို ဆောင်ရွက် ရမည်-

(က)    မြေပြင်ကွင်းဆင်း တိုင်းတာမှတ်သားရာတွင် ထိခိုက်နစ်နာသူများ သို့မဟုတ် ယင်းတို့၏ တရားဝင်ကိုယ်စားလှယ်နှင့်အတူ အောက်ပါအချက်များကို စစ်ဆေးမှတ်တမ်းတင်ရမည်-

()     ထိခိုက်နစ်နာသူများနှင့် ၎င်းတို့၏ အိမ်ထောင် သားစုဝင်များစာရင်း၊ အသက် မွေးမှု အခြေအနေ၊ အိမ်ထောင်သားစုပိုင် ကျွဲနွား တိရစ္ဆာန်တို့နှင့် စက် ကိရိယာများ စာရင်း၊

()     မြေ၏တည်နေရာ၊ အကျယ်အဝန်း၊ မြေအမျိုးအစား၊ အတန်းအစားနှင့် ပုဒ်မ ၁၇ အရ မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့် ကြော်ငြာစာ ထုတ်ပြန်သည့်နေ့ရှိ မြေ၏ ဒေသဈေးကွက် ပေါက်ဈေး၊

()     မြေပေါ်ရှိ အဆောက်အဦ၏ သက်တမ်း၊ ဆောက်လုပ်ထားရှိမှု အနေအထား နှင့်ပုံစံ၊ ဒေသ၏ ကာလတန်ဖိုး၊

()     မြေပေါ်ရှိနှစ်ရှည်ပင်များ၏ အမျိုးအစား၊ အရေအတွက်၊ တစ်ပင်ချင်း၏ သက်တမ်း နှင့် တန်ဖိုး၊ အပင်မှ အကျိုးခံစားခွင့် ရရှိမှု ၃ နှစ် ပျမ်းမျှတန်ဖိုး၊

()     ရာသီသီးနှံများ၏ အမျိုးအစား၊ စိုက်ပျိုးဧရိယာနှင့် ထွက်ရှိသည့် သီးနှံ၏ ၃ နှစ် ပျမ်းမျှတန်ဖိုး၊

()     မြေသိမ်းဆည်းခံရမှုကြောင့် ယင်းမြေပေါ်တွင် အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ထိခိုက်နစ်နာဆုံးရှုံးမှုများ။

          ()     ကွင်းဆင်း တိုင်းတာမှတ်သားရာတွင် လိုအပ်မှု အခြေအနေအရ နယ်နိမိတ် မှတ်တိုင် များကို မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း၏ ကုန်ကျစရိတ်ဖြင့်  မြင်သာစွာ စိုက်ထူမှတ်သားပေးရမည်။

          ()     ကွင်းဆင်းတိုင်းတာ မှတ်တမ်းတင်မှုကို ထိခိုက်နစ်နာသူ တစ်ဦးချင်းသို့ အသိပေး ရမည်။

          ()    ကွင်းဆင်းတိုင်းတာ မှတ်သားမှု လုပ်ငန်းပြီးစီးပါက မှတ်တမ်းတင်ထားသည့် အချက် များကို သိရှိရန် အများပြည်သူသို့ အသိပေးကြေညာရမည်။

          ()     အတည်ပြုထားသော လျော်ကြေးနှင့် နစ်နာကြေး တောင်းခံရမည့် ထိခိုက်နစ်နာမှု များနှင့် ပေးအပ်မည့်ပမာဏ၊ နောက်ဆုံးထားတောင်းခံရမည့်နေ့ရက်၊ တင်ပြ တောင်းခံရမည့် ပုဂ္ဂိုလ်နှင့် တင်ပြတောင်းခံရမည့် နေရာတို့ကို  အများပြည်သူ သိရှိ စေရန် -

()     ပုဒ်မ ၁၈၊ ပုဒ်မခွဲ (က) ပါအတိုင်း ဆိုင်ရာရုံးဌာနများနှင့် အများပြည်သူ အလွယ်တကူ တွေ့ရှိနိုင်မည့် နေရာများတွင် စွဲကပ်၍ ကြေညာရမည်။

()     လျော်ကြေးနှင့် နစ်နာကြေးထုတ်ယူရန် မှတ်တမ်းစာရင်းဝင်သည့် ထိခိုက် နစ်နာသူတို့၏ အိမ်ထောင်သားစု အကြီးအကဲ တစ်ဦးချင်းထံသို့ အကြောင်း ကြားစာများကို တရားမကျင့်ထုံး ဥပဒေ နှင့်အညီ ပေးပို့ရမည်။

()     လိုအပ်ပါက အကြောင်းကြားစာများကို ဒေသ၏ အများသုံးဘာသာစကား ဖြင့် ရေးသားချက်ကို ပူးတွဲပေးပို့နိုင်သည်။

၃၅။    (က)    မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ရေးအဖွဲ့သည် -

                   ()     ပုဒ်မ ၃၃ နှင့်  ၃၄ တို့ပါ လုပ်ငန်းတာဝန်များဆောင်ရွက်ပြီးနောက် မြေကို လက်ရောက်သိမ်းဆည်းခြင်း ပြုရမည်။

                   ()     အဆိုပါမြေကို မြေသိမ်းဆည်းရန် အဆိုပြုသည့်ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ် ချက်များနှင့်အညီ မြေသိမ်းအမှုတွဲဖြင့် လက်ရောက်ပေးအပ်ရမည်။

          ()     အဆိုပြုသည့် မြေကို မြေလက်ရောက်သိမ်းဆည်းခြင်းပြုပြီးသည်နှင့် ကြွေးမြီကင်းရှင်း သည့် နိုင်ငံပိုင်မြေအဖြစ်သို့ ရောက်ရှိစေရမည်။

အခန်း ()

မြေသိမ်းဆည်းခြင်းအတွက်  လျော်ကြေး၊ နစ်နာကြေးနှင့်
ပြန်လည်နေရာချထားခြင်း သို့မဟုတ်  ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်ကို
မြေပိုင်ဆိုင်သက ရွေးချယ် ခံစားခွင့်ရှိခြင်း

၃၆။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် သိမ်းဆည်းသည့်မြေတွင် အခိုင်အမာဆောက်လုပ်ထားသည့် အဆောက်အအုံ ဆောက်လုပ်ထားခြင်း သို့မဟုတ် ထိုအဆောက် အအုံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း မရှိပါက ပုဒ်မ ၃၇၊ ပုဒ်မခွဲ () ပါ အခွင့်အရေး တစ်ရပ်ရပ်ကိုပေးရန်မလိုဘဲ ထိုမြေကို သိမ်းဆည်းခြင်းကြောင့် လျော်ကြေးနှင့် နစ်နာကြေးကို မြေပိုင်ဆိုင်သူအားလည်းကောင်း၊ နစ်နာကြေးကို သိမ်းဆည်းမြေတွင် ဆက်နွယ်ပတ်သက်သူအား လည်းကောင်း ဤဥပဒေ အခန်း () ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးလျော်ရမည်။

၃၇။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် သိမ်းဆည်းသည့်မြေတွင် အခိုင်အမာဆောက်လုပ်ထားသည့် အဆောက်အအုံ ဆောက်လုပ်ထားခြင်း သို့မဟုတ် ထိုအဆောက် အအုံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းရှိပါက ရွှေ့ပြောင်းနေရာချထားစရိတ် အပါအဝင် အောက်ပါ အခွင့်အရေးများအနက် အခွင့်အရေးတစ်ရပ်ကို မြေပိုင်ဆိုင်သူ၏ ဆန္ဒအရ ရွေးချယ်၍ မြေသိမ်း ဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်း သဘောတူညီချက်ရယူပြီး မြေပိုင်ဆိုင်သူအား ခံစားခွင့် ပေးနိုင်သည်။ ထိုသို့ခံစားခွင့်ပေးရာတွင် ရွှေ့ပြောင်းနေရာချထားစရိတ် အပါအဝင် သိမ်းဆည်းခြင်း ခံရသည့် မြေနှင့် အဆောက်အအုံ၏ ကာလတန်ဖိုးထက်မပိုစေရ -

(က)    သိမ်းဆည်းသည့် မြေနှင့် အဆောက်အအုံ အတွက် လျော်ကြေးငွေနှင့် နစ်နာကြေးကို  တစ်လုံးတည်း ခံစားခွင့်၊

()     ပုဒ်မခွဲ (က) ပါ ခံစားခွင့်အစားဖြစ်စေ၊ ထိုခံစားခွင့် တစ်စိတ်တစ်ဒေသနှင့် ပူးတွဲ၍ ဖြစ်စေ-

()     ပြန်လည်နေရာချထားခြင်းပြုသည့် မြေ သို့မဟုတ် မြေနှင့် အဆောက်အအုံ ရရှိခွင့်၊

()     ပြန်လည်ထူထောင်ခြင်း လုပ်ငန်း အစီအစဉ် တစ်ရပ်ရပ် ခံစားခွင့်၊

()     သိမ်းဆည်းမြေပေါ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းတွင် ပါဝင် ရင်းနှီး မြှုပ်နှံခွင့် သို့မဟုတ် သင့်လျော်သော မြေ အချိုးအစား ရယူဆောင်ရွက်ခွင့်။

၃၈။    မြေပိုင်ဆိုင်သသည် -

(က)    မြေနှင့် အဆောက်အအုံ သိမ်းဆည်းခြင်း ခံရသည့်အတွက် ဤဥပဒေအရ ပေးအပ် သော ရွှေ့ပြောင်း နေရာချထားစရိတ်ကို ခံစားခွင့်ရှိသည်။

()     ပုဒ်မခွဲ (က) ပါ ခံစားခွင့်အပြင် မိမိတို့၏ ဆန္ဒအရ ရွေးချယ်၍ ပုဒ်မ ၃၇ ပါ အခွင့် အရေးများအနက် အခွင့်အရေးတစ်ရပ်ကို ပေးရန် တောင်းဆိုရာတွင် သိမ်းဆည်းခြင်း ခံရသည့် မြေနှင့် အဆောက်အအုံ၏ ကာလတန်ဖိုးထက် မပိုစေဘဲ မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းသဘောတူညီချက်ရယူပြီး ခံစားခွင့်ရှိသည်။

 

အခန်း ()

လျော်ကြေးနှင့် နစ်နာကြေးများ ထုတ်ပေးခြင်း

၃၉။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် မြေသိမ်းဆည်းခြင်းအတွက် လျော်ကြေးနှင့် နစ်နာကြေးကို မြေပိုင်ဆိုင်သူအားလည်းကောင်း၊ နစ်နာကြေးကို သိမ်းဆည်းမြေတွင် ဆက်နွယ် ပတ်သက်သူအားလည်းကောင်း ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍  အောက်ပါလုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်ရမည် -

          (က)    သိမ်းဆည်းသည့်မြေတွင် အခိုင်အမာဆောက်လုပ်ထားသည့် အဆောက်အအုံ ဆောက် လုပ်ထားခြင်း သို့မဟုတ် ထိုအဆောက်အအုံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့ မရှိပါက ထိုမြေကို သိမ်းဆည်းခြင်းကြောင့် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးနှင့် နစ်နာကြေးကို မြေပိုင်ဆိုင်သူအား ထုတ်ပေးခြင်းနှင့် နစ်နာကြေးကို သိမ်းဆည်း မြေတွင် ဆက်နွယ်ပတ်သက်သူအား ထုတ်ပေးခြင်း၊

         ()     သိမ်းဆည်းသည့်မြေတွင် အခိုင်အမာဆောက်လုပ်ထားသည့် အဆောက်အအုံဆောက် လုပ်ထားခြင်း သို့မဟုတ် ထိုအဆောက်အအုံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့ ရှိပါကသိမ်းဆည်းသည့် မြေနှင့် အဆောက်အအုံတို့၏ ဒေသကာလတန်ဖိုးကို လျော်ကြေးအဖြစ် မြေပိုင်ဆိုင်သူအား ထုတ်ပေးခြင်း၊

          ()     သိမ်းဆည်းသည့်မြေတွင် နှစ်ရှည်ပင်များ၊ ရာသီ သီးနှံများ၊ အသက်မွေးဝမ်းကျောင်း  လုပ်ငန်းများမရှိပါက မြေ၏ ဒေသကာလတန်ဖိုးကို လျော်ကြေးအဖြစ် မြေပိုင်ဆိုင် သူအား ထုတ်ပေးခြင်း၊

          ()    သိမ်းဆည်းသည့်မြေတွင် နှစ်ရှည်ပင်များ၊ ရာသီ သီးနှံများ၊ အသက်မွေးဝမ်းကျောင်း  လုပ်ငန်းများ ရှိပါက အောက်ပါ လျော်ကြေးနှင့် နစ်နာကြေးများကို ထုတ်ပေးခြင်း-

()     မြေပေါ်ရှိနှစ်ရှည်ပင်များ၏ အမျိုးအစား၊ အရေအတွက်၊ တစ်ပင်ချင်း၏ သက်တမ်းနှင့် တန်ဖိုး၊ အပင်မှ အကျိုးခံစားခွင့် ရရှိမှု ၃ နှစ် ပျမ်းမျှတန်ဖိုး ပမာဏ၊

()     ရာသီသီးနှံများ၏ အမျိုးအစား၊ စိုက်ပျိုးဧရိယာနှင့် ထွက်ရှိသည့် သီးနှံ၏ ၃ နှစ် ပျမ်းမျှတန်ဖိုးငွေပမာဏ၊

()     အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အလုပ်အကိုင်များ  ရပ်ဆိုင်းသွားသည့် အတွက် ခန့်မှန်း ဝင်ငွေ ဆုံးရှုံးမှု ပမာဏ၊

()     ကျွဲနွားတိရစ္ဆာန်နှင့် အခြား မွေးမြုရေး တိရိစ္ဆာန်များ၊ ပစ္စည်း ကိရိယာများ ဆုံးရှုံးမှု တန်ဖိုးပမာဏ။        

          ()     မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းက ပေးလျော်ရမည့် လျော်ကြေးနှင့် နစ်နာကြေးများ အပြည့်အဝ လက်ရောက် ပေးအပ်ခြင်းမရှိပါက မြေသိမ်းဆည်းခြင်း လုပ်ငန်းစဉ်များ ရပ်ဆိုင်းထားခြင်း၊

          ()     လျော်ကြေးနှင့် နစ်နာကြေးများကို ခံစားခွင့်ရှိသည့် ထိခိုက်နစ်နာသူတို့ကို  ဖြစ်စေ၊ ၎င်းတို့၏ အိမ်ထောင်သားစု အကြီးအကဲသို့မဟုတ်ကိုယ်စားလှယ်ကို ဖြစ်စေ စိစစ် ထုတ်ပေးခြင်း၊

          ()    လျော်ကြေးနှင့် နစ်နာကြေးများကို သဘောတူ ထုတ်ယူသူများနှင့် ပေးလျော်မှုကို လက်ခံသော်လည်း တန်ဖိုးတွက်ချက်မှုအပေါ် မကျေနပ်သူများကို ခွဲခြား၍ မှတ်တမ်း တင်ခြင်း။

၄၀။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် -

(က)    ဤဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ ရွှေ့ပြောင်းနေရာချထားစရိတ်ကို လည်းကောင်း၊ ပုဒ်မ ၃၉ ပါ လျော်ကြေးငွေနှင့် နစ်နာကြေး ပမာဏတို့ကို လည်းကောင်း တွက်ချက်၍ လျာထားပြီး  သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ မှတစ်ဆင့် ဗဟိုကော်မတီသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။

()     ဗဟို ကော်မတီက အတည်ပြုထားသည့် ရွှေ့ပြောင်း နေရာချထားစရိတ်အပါအဝင် လျော်ကြေးနှင့် နစ်နာကြေးများကို မြေပိုင်ဆိုင်သူသို့ လည်းကောင်း၊ နစ်နာကြေးများ ကို သိမ်းဆည်းမြေတွင် ဆက်နွယ် ပတ်သက်သူသို့လည်းကောင်း ထုတ်ပေးရမည်။

၄၁။    ထိခိုက်နစ်နာသူ တစ်ဦးဦးသည် အောက်ပါ ကိစ္စတစ်ရပ်ရပ်အတွက် ကျေနပ်မှု မရှိပါက သက်ဆိုင်ရာ တရားရုံးသို့ လွှဲအပ်လွှာတင်သွင်းပေးရန် အကျိုးအကြောင်း ဖော်ပြ၍ မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သို့ တောင်းဆို လျှောက်ထားနိုင်သည် -

(က)    လျော်ကြေးနှင့် နစ်နာကြေး ပေးရန် သတ်မှတ်သည့် ဧရိယာ အကျယ်အဝန်းကိစ္စ၊

()     ပေးလျော်သည့် လျော်ကြေးနှင့် နစ်နာကြေး ပမာဏကိစ္စ၊

()     မည်သည့် ထိခိုက်နစ်နာသူတို့ကို ပေးလျော် ရမည် ဆိုသည့် ကိစ္စ သို့မဟုတ် မည်သူ ရထိုက်ခွင့် ရှိ မရှိ ကိစ္စ၊

()    မည်သူတို့ကို ခွဲဝေပေးရမည် သို့မဟုတ် ခွဲဝေပေးရာတွင် နည်းသည်များသည်ဆိုသည့် ကိစ္စ။

၄၂။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည်  -

          (က)    ပုဒ်မ ၄၁ အရ ထိခိုက်နစ်နာသူ တစ်ဦးဦးက တရားရုံးသို့ လွှဲအပ်လွှာ တင်သွင်းပေး ရန် တောင်းဆိုသည့် လျှောက်လွှာနှင့်အတူ အောက်ပါ အချက်အလက်များ ဖော်ပြပြီး ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာတရားရုံးသို့ လွှဲအပ်လွှာ တင်သွင်းရမည် -

()     သိမ်းဆည်းသည့်မြေ သို့မဟုတ် မြေနှင့် အဆောက်အအုံတို့၏ ဒေသကာလ တန်ဖိုးလျော်ကြေးငွေ ပမာဏ၊

()     မြေပေါ်ရှိနှစ်ရှည်ပင်များ၏ အမျိုးအစား၊ အရေအတွက်၊ တစ်ပင်ချင်း၏ သက်တမ်း နှင့် တန်ဖိုး၊ အပင်မှ အကျိုးခံစားခွင့် ရရှိမှု ၃ နှစ် ပျမ်းမျှတန်ဖိုး လျော်ကြေးငွေပမာဏ၊

()     ရာသီသီးနှံများ၏ အမျိုးအစား၊ စိုက်ပျိုးဧရိယာနှင့် ထွက်ရှိသည့် သီးနှံ၏ ၃ နှစ် ပျမ်းမျှတန်ဖိုးလျော်ကြေးငွေပမာဏ၊

()     ပြန်လည်နေရာချထားခြင်း မပြုမီ မြေပိုင်ဆိုင်သ၏ နေရေးထိုင်ရေးနှင့် စားသောက်ရေး အတွက် နစ်နာ ကြေး ခန့်မှန်းကုန်ကျစရိတ် ပမာဏ၊

 ()    ပုဒ်မခွဲ (က) အရ  တရားရုံးသို့ လွှဲအပ်သည့် လျှောက်လွှာတင်သွင်းရာတွင် အောက်ပါ တို့ ပူးတွဲ ပါရှိရမည် -

()     ထိခိုက်နစ်နာသူများ၏ အမည်၊ နေရပ်နှင့် ဆင့်ဆိုရန် လိပ်စာများစာရင်း၊

()     ထုတ်ပေးခြင်း မပြုရသေးသည့် လျော်ကြေးနှင့် နစ်နာကြေးများ၊

()     မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲ၏ သိမ်းဆည်းမည့်မြေနှင့် စပ်လျဉ်း၍ ပုဒ်မ ၃၄ အရ ဆောင်ရွက်ချက် အစီရင်ခံစာ မိတ္တူ။

()     ထိခိုက်နစ်နာသူ တစ်ဦးဦးက လက်မခံသည့် လျော်ကြေးနှင့် နစ်နာကြေးများကို တရားရုံးသို့ အပ်ငွေအဖြစ် ပေးသွင်းရမည်။

၄၃။    သက်ဆိုင်ရာ တရားရုံးသည် -

          (က)    ပုဒ်မ ၄၂ အရ တင်သွင်းသည့် လွှဲအပ်လွှာနှင့် စပ်လျဉ်း၍ တရားမ ကျင့်ထုံးဥပဒေ နှင့်အညီ အမှုတွဲဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးခြင်းကို ရက်ပေါင်း ၃၀ အတွင်း စတင် ဆောင်ရွက်ရမည်။

          ()     ပုဒ်မ ၄၁၊ ပုဒ်မခွဲ (က) ပါ လျော်ကြေးနှင့် နစ်နာကြေး ပမာဏကိစ္စအတွက် ကန့်ကွက်ခြင်း ဖြစ်ပါက မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေး အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ကိုဖြစ်စေ ဆင့်ဆို၍ စုံစမ်း စစ်ဆေးနိုင်သည်။

          ()     ပုဒ်မ ၄၁၊ ပုဒ်မခွဲ ()() နှင့် () တို့ပါ အခြား ကန့်ကွက်သည့် ကိစ္စများအတွက် မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဦးကို ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ကိုဖြစ်စေ ဆင့်ဆို၍ စုံစမ်းစစ်ဆေးရန် မလိုဘဲ ထိခိုက်နစ်နာသူများနှင့် လိုအပ်သည့် သက်သေ တို့ကိုသာ ဆင့်ဆို၍ စုံစမ်း စစ်ဆေး ရမည်။ ထိုသို့ စုံစမ်း စစ်ဆေးရာတွင် ၎င်းတို့၏ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ၊ ရှေ့နေဖြင့် ဖြစ်စေဆောင်ရွက်ခွင့် ပြုနိုင်သည်။

()   မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေး အဖွဲ့က ထုတ်ပေးသည့် လျော်ကြေးနှင့် နစ်နာကြေးများနှင့်စပ်လျဉ်း၍ ဒေသ၏ ကာလပေါက်ဈေးကို စုံစမ်းစစ်ဆေးပြီး သင့်လျော်သည့် လျော်ကြေးနှင့် နစ်နာကြေး ပမာဏကို ပေးလျော် ရန် စီရင်ချက်၊ အမိန့်နှင့် ဒီကရီ ချမှတ်ပေးနိုင်သည်။

 ()    ထိခိုက်နစ်နာသူ တစ်ဦးဦးက လက်မခံ သည့်အတွက် ပုဒ်မ ၄၂၊ ပုဒ်မခွဲ () အရ တရားရုံးသို့ အပ်သည့်ငွေအပြင် ထိုငွေကို အစိုးရငွေစုဘဏ်တွင် စုဆောင်းပြီး ရရှိသည့် အတိုးငွေကိုပါ ထိခိုက်နစ်နာသူအား ထုတ်ပေးရန် ညွှန်ကြားနိုင်သည်။

၄၄။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် -

(က)    ထိခိုက်နစ်နာသူ တစ်ဦးဦး၏ တောင်းဆိုလျှောက်ထားချက်အရ သက်ဆိုင်ရာ တရားရုံး သို့ လွှဲအပ်လွှာတင်သွင်းထားပါက ထိုလွှဲအပ်လွှာအမှု မပြီးပြတ်မီ လျော်ကြေး၊ နစ်နာကြေး ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားရမည်။

()     သက်ဆိုင်ရာ တရားရုံးသို့ လွှဲအပ်လွှာ တင်သွင်းထားခြင်း မရှိလျှင်ဖြစ်စေ၊ တရားရုံး တွင် လွှဲအပ်လွှာအမှု ပြီးပြတ်လျှင်ဖြစ်စေ လျော်ကြေး၊ နစ်နာကြေး ထုတ်ပေးခြင်းကို ဆက်လက် ဆောင်ရွက်ရမည်။

၄၅။    ဤအခန်းပါ ပြဋ္ဌာန်းချက်များတွင် လျော်ကြေးနှင့် နစ်နာကြေး ပေးခြင်းနှင့်စပ်လျဉ်း၍  မည်သို့ပင် ပါရှိစေကာမူ အများပြည်သူ အကျိုးအလို့ငှာ လယ်ယာမြေကို သိမ်းယူသည့်အတွက် မူလ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူအား နစ်နာမှု မရှိစေရန် လျော်ကြေး၊ နစ်နာကြေးပေးခြင်းနှင့် အခြား နည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်း တို့ကို လယ်ယာမြေဥပဒေ (အမှတ် ၁၁/၂၀၁၂) အရ ဆောင်ရွက်ရမည်။

အခန်း ()

ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း

၄၆။    ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့ သည် ပုဒ်မ ၃၇၊ ပုဒ်မခွဲ () ပါ ခံစားခွင့် အခွင့်အရေးများအနက် အခွင့်အရေး တစ်ရပ်ကို မြေပိုင်ဆိုင်သူ၏ အိမ်ထောင်သားစုအကြီးအကဲ၏ ဆန္ဒအရ ရွေးချယ်၍ မြေသိမ်းဆည်းရန် အဆိုပြု သည့် ဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းသဘောတူညီချက်များကို အခြေခံပြီး ဤအခန်းပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အောက်ပါ ပြန်လည်နေရာချထားခြင်း သို့မဟုတ် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည် -

(က)    မြေ လက်ရောက်သိမ်းဆည်းခြင်းနှင့် မြေလွှဲပြောင်း ပေးအပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များ စတင်သည်နှင့် တစ်ပြိုင်တည်း မြေပိုင်ဆိုင်သ၏ အိမ်ထောင်သားစု အကြီးအကဲ အား ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

          ()     အိမ်ရာအဆောက်အအုံတည်ထောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အိမ်ထောင်စုများ၏ လူမှုဘဝ တည်ထောင်ရေး အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ များနှင့် ကူညီပံ့ပိုးမှုများ၊ ရပ်ကွက်နှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံ များနှင့် အခြားလိုအပ်ချက်များ စသည်တို့ ပါဝင်သည့် ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ်များ၊

          ()     သိမ်းဆည်းမြေကို အခြေခံသည့်  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် အလုပ် အကိုင် အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးမှု စသည်တို့ပါဝင်သည့် ပြန်လည် ထူထောင်ခြင်းလုပ်ငန်းစဉ်များ။

၄၇။    ပုဒ်မ ၄၆ ပါ ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် မြေ လက်ရောက်လွှဲအပ်ချိန်တိုင်အောင် အသင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းသည် မြေပိုင်ဆိုင်သူ၏ အိမ်ထောင်သားစု အကြီးအကဲနှင့် ညှိနှိုင်းသဘောတူညီချက်အရ ယာယီနေထိုင် ရပ်တည်မှု အတွက် ရွှေ့ပြောင်းနေရာချထားစရိတ်မှ ကျခံ၍ စီစဉ် ဆောင်ရွက်ပေးရမည်။

၄၈။    ပုဒ်မ ၃၇၊ ပုဒ်မခွဲ () အရ ညှိနှိုင်းသဘောတူညီချက်ကို အခြေခံပြီး ပုဒ်မ ၄၅ ပါ လုပ်ငန်းစဉ် များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့သည် -

(က)    ပြောင်းရွှေ့ နေရာချထားခြင်းကြောင့် မြေပိုင်ဆိုင်သများနှင့် ယင်းနေရာရှိ မူလဒေသခံ များ၏ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ၊ လူမှုရေးဘဝများ၊ သဘာဝ ပတ်ဝန်းကျင်တို့ ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သော အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေး ရမည်။

()     မြေပိုင်ဆိုင်သူ၏ အိမ်ထောင်သားစု အကြီးအကဲက မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းသဘောတူညီချက်အရ ပုဒ်မ ၃၇၊ ပုဒ်မခွဲ () ပါ အခွင့် အရေးများအနက် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း အစီအစဉ်တစ်ရပ်ရပ် ခံစားခွင့် သို့မဟုတ် လုပ်ငန်းစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုရန် တောင်းဆိုသည့်အခါ ရယူခဲ့သည့် ညှိနှိုင်းသဘောတူညီချက် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

၄၉။    ဗဟိုကော်မတီသည် ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ် များကို ဆောင်ရွက်နိုင်ရန်အတွက် မြေသိမ်းဆည်းမှု အကောင်အထည် ဖော်ဆောင်ရွက်ရေးအဖွဲ့မှ ကြိုတင် ညှိနှိုင်း သဘောတူညီမှု ရရှိမထားသည့် လုပ်ငန်းစဉ်များ အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့်ကိစ္စရပ်နှင့် မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းမှ ဆောင်ရွက် ရမည့် ကိစ္စရပ်များကို ခွဲခြားတာဝန်ပေးအပ်ခွင့်ရှိသည်။

၅၀။    ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့သည် ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကြောင့် အမျိုးသမီးများ၊ ကလေးများ၊ တိုင်းရင်းသား လူနည်းစုများနှင့် ဓလေ့ထုံးစံ အရ ပိုင်ဆိုင်ခွင့်ရှိသူများ အပါအဝင် ထိခိုက်နစ်နာ လွယ်သူများကို ထိခိုက်နစ်နာမှု မရှိစေရန် အထူးဂရုပြု၍ စီစဉ်ဆောင်ရွက်ရမည်။

အခန်း (၁၀)

အဆောတလျင် မြေသိမ်းဆည်းခြင်း

၅၁။    (က)    ဗဟိုကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အများပြည်သူ အကျိုးအလို့ငှာ အောက်ပါကိစ္စရပ်များအတွက် မြေသိမ်းဆည်းရန် အဆိုပြုသည့်ဌာန၊ အဖွဲ့အစည်းက ဥပဒေပုဒ်မ ၈ နှင့် ၉ တို့အရ အဆိုပြုသည့် မြေကို လက်ရောက် အဆောတလျင် မြေသိမ်းဆည်းခြင်း ပြုလုပ်ရေးအတွက် ဆက်လက် ဆောင်ရွက်စေ နိုင်သည် -

()     နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကိစ္စရပ်များတွင် အရေးပေါ် အခြေ အနေအရ နေရာချထားဆောင်ရွက်ရန် လိုအပ်ခြင်း၊

()     ကြိုတင်မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် ရုတ်တရက် ပြောင်းလဲလာ သည့် အခြေအနေအရ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူ ချောမွေ့စေရေးနှင့် ဆက်သွယ်ရေးတို့အတွက် မြေတစ်ရပ်ရပ်ကို အသုံးပြုရန် လိုအပ်ခြင်း၊ 

()     သဘာဝဘေး အန္တရာယ်များ ကျရောက်လာသည့်အခါ သို့မဟုတ် ကျရောက် နိုင်သည့် အခြေအနေရှိသည့်အခါတွင် အများပြည်သူကို ပြောင်းရွှေ့နေရာ ချထားပေးရန် လိုအပ်ခြင်း၊

()     ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ အရေးပေါ် နေရာချထားရေးဆောင်ရွက်ရန် လိုအပ်ခြင်း။

()     ဗဟိုကော်မတီသည် မြေသိမ်းဆည်းရန် အဆိုပြုသည့် မြေကို လက်ရောက် အဆောတလျင် မြေသိမ်းဆည်းခြင်း ပြုလုပ်ရေးအတွက် ပုဒ်မ ၁၇ နှင့် ၁၈ တို့ပါ နည်းလမ်းအတိုင်း မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန် ခြင်းနှင့် အသိပေးကြေညာခြင်းတို့ကို ဆောလျင်စွာ ပြုလုပ်ပြီး  ပုဒ်မ ၂၉ နှင့်အညီ အများပြည်သူသိရှိရန် အဆိုပြုသည့်မြေကို အဆောတလျင် သိမ်းဆည်းကြောင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရ အဖွဲ့နှင့် နေပြည်တော်ကောင်စီသို့လည်းကောင်း၊ မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သို့လည်းကောင်း အကြောင်းကြားရမည်။

()     မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် ပုဒ်မခွဲ (က) အရ အဆောတလျင် သိမ်းဆည်းသည့် မြေနှင့် စပ်လျဉ်း၍  တာဝန်ခံဝန်ကြီးဌာနက မြေကို သိမ်းဆည်းကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက် လျော်ကြေးနှင့် နစ်နာကြေး များ ဆောင်ရွက်မှုမရှိသေးစေကာမူ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲအား တာဝန် ပေးပြီး အဆိုပြုမြေကို လက်ရောက်အဆောတလျင် မြေသိမ်းဆည်းခြင်းပြုနိုင်သည်။

၅၂။    အဆောတလျင် မြေသိမ်းဆည်းခြင်းပြုရာတွင် သိမ်းဆည်းမည့်မြေများနှင့် စပ်လျဉ်း၍ အောက်ပါမြေများကို ဦးစားပေးစိစစ်သိမ်းဆည်းရမည်-

          (က)    ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ကိစ္စရပ်များအတွက် ကြိုတင်လျာထား သတ်မှတ်ထားသည့် မြေများ၊

          ()     မြေသိမ်းဆည်းမှုသည် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ် ပေါ်စေနိုင်သည့် မြေများ၊

          ()     တစ်စုံတစ်ဦးအနေဖြင့် လက်ဝယ်ထားပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိနေသော်လည်း အသုံးချမှု တစ်စုံတစ်ရာ မရှိသေးသည့်မြေများ။

၅၃။    အဆောတလျင် မြေသိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ -

          (က)    ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသူ မည်သူမျှ ထိခိုက်နစ်နာသူတို့ထံသို့ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ထိုမြေပေါ်သို့ ဝင်ရောက်ခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေး ခြင်းနှင့် မြေလက်ရောက်သိမ်းဆည်းခြင်းတို့ကို မပြုရ။

          ()     ထိခိုက်နစ်နာသူတို့၏အိမ်ထောင်သားစု အကြီးအကဲက လျော်ကြေးနှင့် နစ်နာကြေး များကို တောင်းဆိုသည့်အခါ ယင်းငွေကြေးများကို အချိန်မီဆောင်ရွက် ထုတ်ပေး နိုင်မှုမရှိသည့်အခါ သိမ်းဆည်းပြီးနောက်တွင် ပုံမှန်သိမ်းဆည်းမှုများကဲ့သို့ ရွှေ့ပြောင်း နေရာချထားစရိတ် အပါအဝင် လျော်ကြေးနှင့် နစ်နာကြေးများကို ပြန်လည်တွက် ချက် ထုတ်ပေးရမည်။

         ()     လျော်ကြေးနှင့် နစ်နာကြေးများကို ထုတ်ပေးရာတွင် သာမန် မြေသိမ်းဆည်းခြင်း လုပ်ထုံးလုပ်နည်းများကို အဆောတလျင် ပြုလုပ်ရသဖြင့် ပိုမို၍ ထိခိုက်နစ်နာမှု ရှိနိုင်သည့်အတွက် မြေပိုင်ဆိုင်သူအားမြေ၏ ဒေသ ကာလတန်ဖိုးအပေါ် ၁၀ ရာခိုင် နှုန်းထပ်ဆောင်း၍လည်းကောင်း၊ သိမ်းဆည်းသည့် မြေနှင့် ဆက်နွယ်ပတ်သက်သူ အား ထိခိုက်နစ်နာမှု တန်ဖိုးပမာဏအပေါ် ၁၀ ရာခိုင်နှုန်းထပ်ဆောင်း၍ လည်း ကောင်းပေးရမည်။

          ()    မြေပေါ်တွင် အဆောက်အအုံ ရှိပါက ထိုအဆောက်အအုံ၏ ဒေသ ကာလတန်ဖိုးကို မြေပိုင်ဆိုင်သအား ပေးရမည်။ ထို့ပြင်မြေတွင် ရာသီ သီးနှံနှင့် နှစ်ရှည်သီးနှံပင်များ ရှိပါက ထိုအပင်များ၏ တစ်နှစ်အတွင်း အကျိုးခံစားရမည့် ကာလတန်ဖိုး၏ ၃ ဆ ကို ထပ်ဆောင်း၍ ထိခိုက်နစ်နာသူအားပေးရမည်။

          ()     မြေပိုင်ဆိုင်သ၏ အိမ်ထောင်သားစု အကြီးအကဲက ပုဒ်မ ၃၇၊ ပုဒ်မခွဲ () ပါ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်ကို ညှိနှိုင်း တောင်းဆိုသည့်အခါ ဤဥပဒေအခန်း () ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆီလျော် သလို ကျင့်သုံးဆောင်ရွက်ရမည်။

အခန်း (၁၁)

ယာယီ မြေသိမ်းဆည်းခြင်း

၅၄။    ဗဟိုကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အများပြည်သူအကျိုး အလို့ငှာ အောက်ပါကိစ္စရပ်များအတွက် အများဆုံး ၃ နှစ်ထက်မပိုစေဘဲ ပုဒ်မ ၁၇ နှင့် ၁၈ တို့ပါ နည်းလမ်းအတိုင်း ယာယီ မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခြင်းနှင့် အသိပေးကြေညာခြင်းတို့ ပြုလုပ်ပြီး ယာယီမြေသိမ်းဆည်းခြင်းကို ဆောင်ရွက် နိုင်သည် -

          (က)    နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့် စစ်ဆင်ရေးများအတွက် ယာယီအသုံးပြုရန် လိုအပ်သည့် ကိစ္စရပ်များ၊

          ()     နိုင်ငံတော်၏ စီမံကိန်းတစ်ရပ်ရပ်အတွက် စီမံကိန်းကာလအတွင်းသာ ယာယီအသုံးပြု ရန် လိုအပ်သည့် ကိစ္စရပ်များ၊

          ()     ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်တွင်းပြည်ပ ပုဂ္ဂလိက၊ ကုမ္ပဏီများသို့ စီမံကိန်း တစ်ရပ်ရပ်ကို နည်းလမ်းတစ်ရပ်ရပ်အရ ချထားဆောင်ရွက်စေရာတွင် စီမံကိန်း ကာလအတွင်းသာ ယာယီ လိုအပ်မည့် ကိစ္စရပ်များ၊

          ()    ပြည်ထောင်စုအစိုးရအဖွဲ့က ယာယီအသုံးပြုရန်လိုအပ်သည့် ကိစ္စရပ်များ။

၅၅။    ယာယီမြေသိမ်းဆည်းခြင်းအတွက် အောက်ပါမြေများကို ဦးစားပေး စိစစ်သိမ်းဆည်းရမည်-

          (က)    တစ်စုံတစ်ဦးအနေဖြင့် လက်ဝယ်ထားပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိနေသော်လည်း အသုံးချမှု တစ်စုံတစ်ရာ မရှိသေးသည့်မြေများ၊

          ()     မြေသိမ်းဆည်းမှုသည် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်ပေါ် စေနိုင်သည့် မြေများ။

၅၆။      ပုဒ်မ ၅၄ အရ ယာယီ မြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေးသည့် အမိန့်ကြော်ငြာ စာထုတ်ပြန်ခြင်းနှင့် အသိပေးကြေညာခြင်းတို့ပြုလုပ်ပြီးနောက် မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် ထိခိုက်နစ်နာသူတို့ထံသို့ မည်သည့်မြေများကို မည်သည့်ကာလ အပိုင်း အခြားအထိ မည်သည့်ကိစ္စရပ် အလို့ငှာ ယာယီမြေကို သိမ်းဆည်းရန် လိုအပ်ကြောင်း အသိပေး သည့် အမိန့်ကြော်ငြာစာ ပူးတွဲ၍ အသိပေးအကြောင်းကြားစာကို ပေးပို့ရမည်။ ထို့ပြင်  ယာယီမြေ သိမ်းဆည်းသည့် ကာလအတွက် ပေးအပ်ရမည့် နစ်နာကြေးနှင့် သတ်မှတ်အခကြေးငွေတို့ကို ထိခိုက်နစ်နာသူများနှင့် ညှိနှိုင်းသဘောတူညီချက်ရယူရမည်။

၅၇။    မြေသိမ်းဆည်းမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့က ယာယီမြေသိမ်းဆည်းခြင်း အတွက် ပေးလျော်ရန် ဆုံးဖြတ်သည့် နစ်နာကြေးနှင့် စပ်လျဉ်း၍ ထိခိုက်နစ်နာသူများက ကျေနပ်မှု မရှိသဖြင့် သက်ဆိုင်ရာတရားရုံးသို့ လွှဲအပ်လွှာ တင်သွင်းရန် တောင်းဆိုလျှောက်ထားခြင်း၊ မြေသိမ်းဆည်းမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့က သက်ဆိုင်ရာတရားရုံးသို့ လွှဲအပ်လွှာ တင်သွင်းခြင်းနှင့် တရားရုံးက ထိုလွှဲအပ်လွှာအမှုတွင် စုံစမ်းစစ်ဆေးပြီး အမိန့်နှင့် စီရင်ချက် ချမှတ် ခြင်းတို့ကို ပုဒ်မ ၄၁၊ ၄၂၊ ၄၃ နှင့် ၄၄ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၅၈။    ယာယီမြေသိမ်းဆည်းခြင်း ကာလလွန်မြောက်ပြီးနောက် မြေကို ပြန်လည်အပ်နှံချိန်တွင် လည်း အသုံးပြုမှုကြောင့် မြေတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါက ထိခိုက်နစ်နာသူများနှင့် ညှိနှိုင်း သဘောတူညီချက်ဖြင့် နစ်နာကြေးပေးလျော်ရမည်။

အခန်း(၁၂)

သိမ်းဆည်းပြီး လွှဲပြောင်းပေးခဲ့သည့်မြေများကို နိုင်ငံတော်က ပြန်လည်ရယူခြင်း

၅၉။    မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းက မည်သည့် ရည်ရွယ်ချက်အတွက် မြေကို သိမ်းဆည်းခဲ့စေကာမူ အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ခဲ့လျှင် ယင်းမြေအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ နိုင်ငံတော်မှ ပြန်လည်ရယူနိုင်သည်-

          (က)    သိမ်းဆည်းထားသည့် မြေတွင် နိုင်ငံတော်အတွက် သမိုင်းတန်ဖိုးကြီးမြင့်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တွေ့ရှိခြင်း၊

          ()     ဓာတ်သတ္တုနှင့် ကျောက်မျက်ရတနာ တူးဖော်ရန်အလို့ငှာ မဟုတ်မူဘဲ အခြားရည်ရွယ် ချက်ဖြင့် သိမ်းဆည်းမြေတွင် အဖိုးတန်သယံဇာတနှင့် ကြွယ်ဝသတ္တုသိုက်များတွေ့ရှိခြင်း၊

          ()     မူလကတိကဝတ် အာမခံချက်ပြုထားသည့်အတိုင်း လူမှုစီးပွားရေးထိခိုက်နစ်နာစေမှု ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု တားဆီးကာကွယ်ရေး အစီအမံ များကို လိုက်နာဆောင်ရွက်ရန်  ပျက်ကွက်မှုကြောင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေး ထိခိုက်စေမှုများ ဖြစ်ပေါ်ခြင်း၊ လူမှုစီးပွားရေး အခြေအနေများ ယိုယွင်းထိခိုက်နစ်နာ စေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်များ ထိခိုက်ပျက်စီးစေခြင်း၊

          ()    မူလရည်ရွယ်သည့်အတိုင်း စီမံကိန်းသတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိခြင်း၊

          ()     လျာထားချက်အတိုင်း အသုံးမပြုခြင်း သို့တည်းမဟုတ် အသုံးပြုရန် မလိုအပ်တော့ခြင်း၊

          ()     အသုံးပြုရန် လိုအပ်သည်ထက် ပိုမိုရယူထားကြောင်း စိစစ်တွေ့ရှိခြင်း၊

          ()    ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများကို သဘောတူညီထား သည့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးမှုမရှိခြင်းနှင့် ပျက်ကွက် ခြင်း၊

          ()     ပြည်ထောင်စုအစိုးရအဖွဲ့မှ အကြောင်းခြင်းရာတစ်ရပ်ရပ်ကြောင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မြေသိမ်းဆည်းမိန့်ကို ပြန်လည်ဖျက်သိမ်းခြင်း။

၆၀။    ပုဒ်မ ၅၈၊ ပုဒ်မခွဲ () မှ () အထိကိစ္စရပ်များအတွက် နိုင်ငံတော်အနေဖြင့် ပြန်လည် သိမ်းဆည်းခြင်း ဖြစ်ပါက မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းသည် မြေသိမ်း ဆည်းမှု ကုန်ကျစရိတ်အရပ်ရပ်ကို ပြန်လည် တောင်းခံပိုင်ခွင့် မရှိစေရ။

၆၁။    အများပြည်သူအကျိုးအလို့ငှာ ရည်ရွယ်၍ လုပ်ငန်းတစ်ရပ်ရပ်ဆောင်ရွက်ရန် မြေသိမ်းဆည်း ရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်း သည် -

(က)    သိမ်းဆည်းခဲ့သောမြေကို အသုံးမပြု တော့လျှင်ဖြစ်စေ၊  အသုံးမလိုတော့လျှင်ဖြစ်စေ၊ ဆက်လက်အသုံးပြုရန် အကြောင်း မရှိတော့လျှင် ဖြစ်စေ နိုင်ငံတော်သို့ စနစ်တကျ ပြန်လည်အပ်နှံရမည်။

()     သိမ်းဆည်းခဲ့သောမြေကို ရည်ရွယ်ချက်အတိုင်း သတ်မှတ်ကာလ အတွင်း အသုံးမပြု သည့်အခါ ဖြစ်စေ၊ ဗဟိုကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ အခြားဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား  လွှဲပြောင်းလျှင်ဖြစ်စေ မြေသိမ်းဆည်းခြင်းသည် ပျက်ပြယ်ပြီး ထိုမြေသည် နိုင်ငံတော်၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိသည်ဟု မှတ်ယူရမည်။

()     ပုဒ်မခွဲ (က) အရ ပြန်လည်အပ်နှံသည့် မြေ သို့မဟုတ် ပုဒ်မခွဲ () အရ နိုင်ငံတော်၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိသည့် မြေနှင့် စပ်လျဉ်း၍ မြေသိမ်းဆည်းမှု ကုန်ကျ စရိတ်နှင့် ထိုမြေတွင် ရင်းနှီးမြှုပ်နှံသည့် ငွေများကို နိုင်ငံတော်ထံမှ တစ်စုံတစ်ရာ တောင်းဆိုပိုင်ခွင့် မရှိစေရ။

၆၂။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မ ၆၀ အရ နိုင်ငံတော်၏ လက်ဝယ်သို့ ပြန်လည် ရောက်ရှိသည့် မြေကို အများပြည်သူ အကျိုးအလို့ငှာ နိုင်ငံတော် အတွက် လိုအပ်သော စီမံကိန်း တစ်ခုခုတွင် အသုံးပြုနိုင်သည်။ ထိုသို့ အသုံးမပြုပါက မူလ မြေသိမ်းဆည်း ခြင်း ခံရသည့် မြေပိုင်ဆိုင်သူ၏ လျှောက်ထားချက်အရ သိမ်းဆည်းခဲ့သည့် မြေကို ၎င်းထံသို့ ပြန်လည် လွှဲပြောင်းပေးနိုင်သည်။

          ()     ပုဒ်မခွဲ (က) အရ မူလက မြေသိမ်းဆည်းခြင်း ခံရသည့် မြေပိုင်ဆိုင်သသို့ ပြန်လည် လွှဲပြောင်းပေးသည့်အခါ ဗဟိုကော်မတီ သို့မဟုတ် ယင်းက လွှဲအပ်သည့် လုပ်ငန်း ကော်မတီနှင့် မြေပိုင်ဆိုင်သူတို့ နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ကို အခြေခံပြီး တည်ဆဲဥပဒေနှင့်အညီ မြေကို ပြန်လည်လွှဲပြောင်းပေးနိုင်သည်။

အခန်း (၁၃)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၆၃။    မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၅ သောင်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် -

(က)    ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိသော အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်အားဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ပိတ်ပင်တားဆီးခြင်း၊

()     အများပြည်သူ အကျိုးအလို့ငှာ ဤဥပဒေအရ ဆောင်ရွက်လျက်ရှိသည့် မြေသိမ်း ဆည်းခြင်းလုပ်ငန်းစဉ် တစ်ရပ်ရပ်ထိခိုက်ပျက်ပြားစေရန် မရိုးမဖြောင့်သော သဘော ဖြင့် ပြုလုပ်ခြင်း။

၆၄။    ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသော အဖွဲ့ဝင် သို့မဟုတ် ယင်းက ထပ်ဆင့် တာဝန်ပေးအပ်ခြင်း ခံရသူ မည်သူမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်သည့် ဆောင်ရွက်ချက်များကို မရိုးမဖြောင့်သော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြောင်း သို့မဟုတ် ပေးအပ်သည့်တာဝန်ကို ဤဥပဒေနှင့်အညီ ဆောင်ရွက်မှု မပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၃ နှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၆၅။    မည်သူမဆို ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိသော အဖွဲ့သို့ ဖြစ်စေ၊ ပုဂ္ဂိုလ်ထံသို့ဖြစ်စေ မမှန်ကန်သော သက်သေခံချက်နှင့် အထောက်အထားများကို မမှန်ကြောင်း သိလျက် တမင် တင်ပြကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၇ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ် တစ်ဆယ် သိန်း ထက် မပိုသော ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်။

အခန်း(၁၄)

အထွေထွေ

၆၆။    ဤဥပဒေဖြင့် အာဏာတည်ခြင်းမှ ရပ်စဲလိုက်သည့် ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ  အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ အမိန့်ဆင့်ဆိုချက်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း နှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်လုပ်ထုံးလုပ်နည်းများနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့် သုံးနိုင်သည်။

၆၇။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များတွင် လျော်ကြေးပေးခြင်းနှင့်စပ်လျဉ်း၍  မည်သို့ပင် ပါရှိစေ ကာမူ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားသော  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြန်လည်ရယူ သည့်အခါ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက အမှန်တကယ်ရင်းနှီးမြှုပ်နှံထားသည့် ကုန်ကျစရိတ် များအတွက် ကာလတန်ဖိုးတွက်ချက်၍ ထိုသူအား သင့်လျော်သည့် လျော်ကြေးနှင့် နစ်နာကြေး ပေးရန် ကိစ္စကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ (အမှတ် ၁၀/၂၀၁၂) အရ ဆောင်ရွက်ရမည်။

၆၈။    ဤဥပဒေဖြင့် မြေသိမ်းဆည်းခြင်းမဟုတ်ဘဲ အခြားတည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ မြေကို အများပြည်သူ အကျိုးအလို့ငှာ ရယူ အသုံးပြုခြင်းကြောင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများ ရှိခဲ့ပါ ကလည်း ပုဒ်မ ၄၅ နှင့် ပုဒ်မ ၆၇ အရ လျော်ကြေး၊ နစ်နာကြေးပေးခြင်း ကိစ္စမှအပ မြေတွင် ထိခိုက်နစ်နာသူတို့အား ဤဥပဒေပါ လျော်ကြေး၊ နစ်နာကြေး ပေးခြင်းနှင့် မြေပိုင်ဆိုင်သူအား ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များနှင့်အညီ ဆီလျော်သလို ကျင့်သုံးဆောင်ရွက်ရမည်။

၆၉။    ဤဥပဒေအရ မြေသိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ -

          (က)    ထိခိုက်နစ်နာသူတို့အား ပေးလျော်သည့် လျော်ကြေးငွေနှင့် နစ်နာကြေး တို့အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရှိသည်။

         ()     မြေသိမ်းဆည်းရန် အဆိုပြုသည့် ဌာန၊ အဖွဲ့အစည်းနှင့် မြေပိုင်ဆိုင်သူတို့ ချုပ်ဆိုသည့် စာချုပ်စာတမ်းအပေါ်တွင် တံဆိပ်ခေါင်းခွန်ကိုလည်းကောင်း၊ ပုဒ်မ ၄၀ အရ  လွှဲအပ်လွှာ တင်သွင်းရန် တောင်းဆိုသည့် လျှောက်လွှာနှင့် ပုဒ်မ ၄၁ အရ တရားရုံးသို့ တင်သွင်းသည့် လွှဲအပ်လွှာတို့တွင် ရုံးခွန် တံဆိပ်ခေါင်းကိုလည်းကောင်း ထမ်းဆောင် ခြင်းမှ ကင်းလွတ်ခွင့် ရှိစေရမည်။ ထို့ပြင် အဆိုပါ စာချုပ်စာတမ်းကို ဖြစ်စေ၊ တောင်းဆိုသည့် လျှောက်လွှာကိုဖြစ်စေ၊ လွှဲအပ်လွှာကိုဖြစ်စေ၊ တရားရုံး၏ စီရင်ချက် နှင့် အမိန့်ကို ဖြစ်စေ မိတ္တူလျှောက်ထားရာတွင် အခကြေးငွေ ပေးဆောင်ခြင်းမှလည်း ကင်းလွတ်စေရမည်။

၇၀။    ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

          (က)    တာဝန်ခံ ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊

          ()     တာဝန်ခံဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၇၁။    ဤဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ The Land Acquisition Act, 1894 သည် အာဏာတည်ခြင်းမှ ရပ်စဲစေရမည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

 

(ပုံ) ဝင်းမြင့်

 

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်