| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးဖေတင် |
|
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) |
|
|
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဒုတိယဝန်ကြီး ဦးသာဦး |
| ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန | |
| အကြောင်းအရာ |
ယနေ့ လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ရေးသားအသုံးပြု ကြသူများအနက် အချို့မှာ Account ၂ မျိုး၊ ၃ မျိုး သုံးပြီး ပုဂ္ဂိုလ်ရေး တိုက််ခိုက်ဆဲဆိုခြင်း၊ မိသားတစ်စု၊ မောင်နှင့် နှမ မဖတ်သင့်သည့် အလွန် ညစ်ညမ်းသော အသုံးအနှုန်းနှင့် အမနာပ ဝေဖန်ပုတ်ခတ်တိုက်ခိုက်လာခြင်း၊ ၎င်းကို Like လုပ်ပေးခြင်း၊ Comment ပေးခြင်း စသည်ဖြင့် အတင့်ရဲစွာ လုပ်ဆောင်လာကြခြင်းသည် ကြာလျှင် အရိုင်းကို အယဉ်မှတ်ထင်လာပြီး ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ်ဟုပင် လွဲမှားစွာခံယူထင်မြင် ကျင့်သုံး လာခြင်းမျိုး မဖြစ်စေရန်အတွက် သက်ဆိုင်ရာမှ ကန့်သတ်ထိန်းချုပ် တားမြစ်ပေးရန် သို့မဟုတ် အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၃၁)တွင် ဖတ်ရှုပါ။ |