| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးဖေချစ် |
| ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးကျော်မျိုး |
| ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးရုံးသည် လွန်ခဲ့သော နှစ်(၄၀)ကတည်းက ပြည်ထောင်စုအစိုးရ၏ ငွေလုံးငွေရင်းဘတ်ဂျက်ဖြင့် ဆောက်လုပ်ခဲ့ပြီး နှစ်ကာလကြာမြင့်သည်နှင့်အမျှ တစ်စတစ်စ ယိုယွင်းပျက်စီးလာပြီး ၂၀၁၇ ခုနှစ်အတွင်း ငလျင်ဒဏ်နှစ်ကြိမ်ခံရကာ နောက်တစ်ကြိမ် ထပ်လှုပ် လျင် မခံနိုင်တော့ဘဲ ပြိုကျပျက်စီးမည့်အပြင် ဝန်ထမ်းများ၏ အသက် ဘေးအန္တရာယ် ထိခိုက်သေဆုံးနိုင်မည်ကို စိုးရိမ်ရပါသောကြောင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦအသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၂၄)တွင် ဖတ်ရှုပါ။
|