| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခွန်သိန်းဖေ |
| ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) | |
| ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးလှကျော် |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစခွန့်ကျေးရွာအုပ်စုရှိ လွယ်ခေါ်ကျေးရွာ၊ လွယ်ခေါ်အင်းသားကျေးရွာ၊ မိုင်းသောက်ကျေးရွာ အုပ်စုရှိ ပုံတယ်ကျေးရွာ၊ အင်းနီကျေးရွာနှင့် သလဲဦးကျေးရွာအုပ်စုရှိ သပြေကုန်းကျေးရွာ၊ သလဲဦးကျေးရွာ၊ အင်းကန်ပတ် ကတ္တရာလမ်းဆုံသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းမကြီးအား လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် လမ်းဧရိယာ အကျယ်ပေအတိုင်း မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၇)တွင် ဖတ်ရှုပါ။ |